ylliX - Online Advertising Network

ကန့်ကွက်မှုများကြောင့် မြဝတီ-ဘားအံကြား ဝါးတားဂိတ်များ ငွေလျှော့ကောက် – Myanmar Now

မြို့ခံများ၊ ခရီးသွားများ၏ ဝေဖန်ကန့်ကွက်မှုကို ရင်ဆိုင်ရပြီးနောက် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်များက ဘားအံ-မြဝတီ လမ်းအသုံးပြုခကို  နိုဝင်ဘာ ပထမသီတင်းပတ်မှစတင်ပြီး လျှော့ချကောက်ခံနေသည်ဟု ခရီးသွားများထံက သိရသည်။  မိုင် ၈၀ ကျော်ရှည်လျားသည့် ထိုလမ်းတလျှောက်   လမ်းပေါ်တွင် ဝါးလုံးတားပြီး  ကားများထံမှငွေတောင်းသဖြင့် ‘ဝါးတားဂိတ်’ ဟု အမည်တွင်သည့်  စစ်ဆေးရေးဂိတ်များ   ၅၀ ကျော်ရှိသည်ဟု ယာဉ်မောင်းများနှင့် ခရီးသည်များက ပြောသည်။ မော်တော်ယာဉ်တစ်စီးကို  ကျပ်ထောင်ဂဏန်းမှ ကျပ်ရှစ်သောင်းအထိ  ကောက်ခံကြရာ ထိုလမ်း အသွားအပြန်ခရီးအတွက် ယာဉ်တစ်စီးလျှင်    သုံးသိန်းခွဲမှ  လေးသိန်းအထိ ပေးခဲ့ရသည်။ ယခုအခါ အသွားအပြန်ခရီးအတွက် ပေးရသည့် လမ်းကြေး ခေါ် ဆက်ကြေးမှာ ကျပ်တစ်သိန်းအောက် ဖြစ်သွားသည်ဟုလည်း ယာဉ်မောင်းများက ဆိုသည်။ အများဆုံးတောင်းခံသည့်ဂိတ်သည် မြဝတီနှင့်ကော့ကရိတ်အကြား ဒေါနတောင်အတက်တွင် […]