ရွှေတောင် ၊ နိုဝင်ဘာ ၇ ပဲ ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ရွှေတောင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (pcv) ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး၊ တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ […]
တနင်္ဂနွေညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဖြစ်မယ့် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစား ရပါတော့မယ်။ ဒီပွဲက မိတ်ဆွေဟောင်းကြီးတွေ ဖြစ်တဲ့ မန်ယူ နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကောင်းတစ်ပွဲပါ။ မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။ Photo : Evening Standard မန်ယူ အသင်းဟာ ဒီရာသီမှာ အဆိုးရွားဆုံး ပုံစံတွေနဲ့ အလူးအလဲ ရုန်းကန်နေရတဲ့ အခြေအနေမှာ ရှိနေပြီး ပရီးမီးယားလိဂ် ၉ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပါတယ်။ လီဗာပူးနဲ့ စပါးတို့လို အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ထားပြီး အက်စတွန်ဗီလာ […]
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၄ ခုတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ် တော် (AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ ထိုမြို့များမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောင်မြို့နယ်၊ ငပလီကမ်းခြေအနီး မြို့နယ်များဖြစ်သော အမ်း၊ ဂွ၊ တောင်ကုတ်တို့ ဖြစ်ကြသည်။ ဂွနှင့်တောင်ကုတ်တိုက်ပွဲ AA တပ်သည် မြို့နှင့် မိုင် ၂၀ ခန့် အကွာကိုရောက်ရှိနေကာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်၊ စစ်ကောင်စီတပ်၏ အားသာချက်မှာ လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးပစ်ကူပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့အဝင်ကပင် AA ကို ခုခံလာသော်လည်း ကျိန္တလီမြို့ကို လက်လွှတ်လိုက်ရကာ ဂွနှင့် မိုင် ၂၀ ခန့်ဝေးသော တိုင်ကျိုးရွာအနီးသို့ တပ်ဆုတ်လိုက်ရပြီးနောက် AA က လိုက်လံတိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက […]
ရခိုင်ကမြို့နယ် ၄ ခုထက်မနည်းမှာ မိုဘိုင်းဖုန်းလိုင်း ထပ်မံပြတ်တောက်လျှက်ရှိနေကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။ လက်ရှိ မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်လျှက်ရှိနေသည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်တို့ဖြစ်ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်အကြာရှိနေပြီဖြစ်သည်ဟု ကျောက်တော်-မြေပုံ ခရီးသည်တင် ကားမောင်းနေသူတစ်ဦးကပြောသည်။ “ကျနော်တို့ဘက်က လိုင်းထပ်ပြတ်နေတာ တစ်ပတ်လောက်ရှိပြီ။ ကျောက်တော်ကနေတောက်လျှောက်သွားရင် မြေပုံမြို့နယ်အရောက်မှပဲ MPT ဖုန်းလိုင်းတစ်ခုတက်တာ။ ဒီဘက်တစ်ခွင်လုံးဆို ဘာဖုန်းလိုင်းမှ မရဘူး” ဟုပြောသည်။ မိုဘိုင်းဖုန်းလိုင်းမှာ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယသီတင်းပတ်ထဲကလည်း ရခိုင်က မြို့နယ် ၉ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်း တပြိုင်တည်းပြတ်တောက်ခဲ့မှုရှိခဲ့ပြီး အချိန်အားဖြင့် သီတင်းတစ်ပတ်ခန့်ကြာခဲ့သည်။ နောက်ထပ်တဖန် ရက်ပိုင်းခန့်အကြာတွင် မြို့နယ် ၄ ခုထက်မနည်း မိုဘိုင်းဖုန်းလိုင်းများ ထပ်မံပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ယခင်ပြတ်တောက်နေသည့် မြို့နယ်များနှင့်ပေါင်းလျှင် ရခိုင်၌ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်နေသည့် မြို့နယ်မှာ […]