ylliX - Online Advertising Network

မြန်မာ့ပြည်တွင်းရေး မစွက်ဖက်ရန် တရုတ်ကို တောင်ကိုရီးယားရောက် မြန်မာများ တောင်းဆို – BUR.MIZZIMA.COM

ပုံအညွှန်း- တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြပွဲ မြင်ကွင်းများ မဇ္ဈိမ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရန် တရုတ်အစိုးရကို တောင်ကိုရီးယားရောက် မြန်မာများက ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) တွင် လမ်းလျှောက်ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့၊ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲများရပ်ရန် သတိပေးပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေး သပိတ်အင်အားစု တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော […]

ဘန်ကောက်အနီး မဟာချိုင်ရောက် မြန်မာများ ဘတ်သိန်းချီငွေလိမ်ခံရ  – Myanmar Now

ထိုင်းနိုင်ငံ​တောင်ပိုင်း စမုဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရောက် မြန်မာပြည်သား ၁၅၀ ခန့်ကို ထိုင်းအမျိုးသမီးနှစ်ဦးက အလုပ်အပ်ပေးမည်ဟု အယုံသွင်းပြီး  ဝန်ဆောင်ခ ဘတ်သိန်းချီ ကြိုတင်ရယူသွားကာ တိမ်းရှောင်နေသည်ဟု သိရသည်။ ထိုမြို့ရှိ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း Index Interfurn Company Limited တွင် အလုပ်လျှောက်ထားရန် ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးများ တောင်းယူ လိမ်လည်သွားခြင်းဖြစ်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောသည်။  စာရွက်စာတမ်းပြည့်စုံသူများ ၃,၅၀၀ ဘတ်၊  မပြည့်စုံသူများ ဘတ် ၇,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။  နိုဝင်ဘာ ၂၀ ရက်နေ့တွင် မြန်မာပြည်သားများ လုပ်ငန်းခွင်သို့ ရောက်သွားရာ ကုမ္ပဏီတာဝန်ရှိသူတို့က ထိုင်းအမျိုးသမီးနှစ်ဦးသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊  အစုအပြုံလိုက် ရောက်လာသူများကို အလုပ်ရုံထဲသို့ […]

NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ – Myanmar Now

ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့်  တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG  ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ပထမရွှေတံဆိပ်ဆွတ်ခူး –  PCT NEWS HOMEPAGE

မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပ​နေသည့် (၁၅) ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်း‌​နောင်က ပထမ‌ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာကစားသမား ရဲထွန်းနောင်သည် ယနေ့ နို၀င်ဘာ ၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံပေါင်း ၆ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်သော ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် နို၀င်ဘာ ၁၀ ရက်တွင် Over Oll Championship ပြိုင်ပွဲသို့ […]