(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၂၄ မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းကနေ စစ်ကိုင်းတိုင်းကို ရွှေ့မယ့် BPLA ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း စတင်ဖွဲ့စည်းခဲ့တဲ့ Bamar People’s Liberation Army – BPLA က မကြာခင် အညာဒေသမှာ အခြေချတော့မယ့် အကြောင်း BPLA ကို စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း ဦးဆောင်နေသူ မောင်ဆောင်းခက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ အသိပေးလိုက်ပါတယ်။ BPLA ဟာ ၂၀၂၁ ခုနှစ် ဧပြီလ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီး နောက်တလအကြာမှာ PDF လို့အတိုကောက်ခေါ်ဆိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းချိန်နဲ့ ရှေ့ဆင့်နောက်ဆင့်လောက် ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး စတင်ဖွဲ့စည်းစဥ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ KNU/KNLA မှာအခြေစိုက်ပြီး စစ်ပညာ […]
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၄ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံအရေး မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေကနေ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အသီးသီးရဲ့ ရည်မှန်းချက်တွေက ထပ်တူထပ်မျှတော့ မဟုတ်ကြဘူးဆိုတာ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ကြည့်ရင် နားလည်နိုင်ပါတယ်။ စစ်ကောင်စီ နဲ့ အချို့သော နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တဖက်မှာ ရှိကြပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်က PDF အဖွဲ့တွေ၊ ၄င်း လက်အောက်က မဟုတ်တဲ့ ဒေသအလိုက်၊ မြို့၊ ကျေးရွာအလိုက်ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေက တဖက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက […]