အွန်လိုင်းမှ ဝင်ငွေရှာဖွေသူ မြန်မာများအတွက် အသုံးတွင်ကျယ်သည့် နိုင်ငံတကာ ငွေပေးချေဝန်ဆောင်မှုများကို ပြည်ပကုမ္ပဏီနှစ်ခုက ယခုလမှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။ အရောင်းအဝယ်သမားများ၊ အွန်လိုင်းတွင် အလွတ်တန်းအလုပ်လုပ်ကိုင်သူများ၊ လူမှုကွန်ရက်တွင် ရုပ်သံ၊ ဓာတ်ပုံ၊ ဖျော်ဖြေရေးနှင့် ဗဟုသုတအကြောင်းရာများဖန်တီး၍ ဝင်ငွေရှာဖွေသူများ လုပ်အားခငွေလက်ခံကြရာတွင် အဓိကသုံးသည့် အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးသည့် စည်းမျဉ်းစည်းကမ်းများကြောင့် လုပ်ငန်းလည်ပတ်ရန်ခက်သဖြင့်ဝန်ဆောင်မှုရပ်ဆိုင်းခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးကြောင်း ကုမ္ပဏီများ၏ အသိပေးထုတ်ပြန်စာရရှိထားသည့် နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “အဲ့ဒါတွေကိုဖွင့်ခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့က ပိုက်ဆံထုတ်ဖို့ ခက်ခဲသွားတာပေါ့။ နောက် Global Platform မှာ မြန်မာဘဏ်တွေကို အကျုံးမဝင်ဘူး။ လူရာမသွင်းဘူးပေါ့။ […]