မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့(အောက်တိုဘာ ၁၃)ညနေက လမ်းပေါ်ရှိ မော်တော်ယာဉ်များကို တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီ လက်နက်ကိုင်များ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ရဲတစ်ဦး ဒဏ်ရာရသွားသည်ဟု မြို့ခံများထံမှ သိရှိရသည်။ မန္တလေးမြို့တောင်ဘက် လူစည်ကားသည့် ၆၂ လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅ လမ်းကြားတွင် ရဲအုပ်တစ်ဦး ဦးဆောင်သည့် ရဲ၊ ယာဉ်ထိန်းရဲ၊ အရပ်ဝတ်ပျူစောထီးများ စုစုပေါင်း ၁၀ဦးခန့် စစ်ဆေးနေကြချိန် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ဒုရဲအုပ်အဆင့် ယာဉ်ထိန်းရဲမေတစ်ဦး ရင်ဘတ်တွင် ကျည်ထိသွားသည်ဟု သိရကြောင်း ပြည်ကြီးတံခွန်မြို့နယ်နေထိုင်သူ မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “လူတွေ ရုတ်ရုတ်ဖြစ်သွားလို့ အစက ယာဉ်တိုက်မှုဖြစ်တာလားလို့ ထင်ကြတာ။ နောက်မှ ပစ်ခံရမှန်း သိတာ။ မနေ့က ညအထိကတော့ […]