မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည် ရက်ကန်းအဖွဲ့မှ ပထမဆုရရှိခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဂုဏ်ပြုဆုငွေထပ်မံချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဂုဏ်ပြုသည့်အခမ်းအနားကို နိုဝင်ဘာ (၁၆)ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့် အမရရွှေပြည်ရက်ကန်းအဖွဲ့၏ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့မှုတို့အပေါ် ဂုဏ်ပြုစကားပြောကြားပြီး နောင်ပြိုင်ပွဲများတွင်လည်း မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေရန်ကိုလည်း မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အမရရွှေပြည်ရက်ကန်းအဖွဲ့မှ အသင်းအုပ်ချုပ်သူများက ပထမဆုရရှိခဲ့သည့် ဆုဖလားအားပေးအပ်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမရရွှေပြည်ရက်ကန်းအဖွဲ့ကို ဂုဏ်ပြုငွေကျပ် (၁၁) သိန်းကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် […]
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဖမ်းဆီးရမိသူတွေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံအောက်မှာ “အကြမ်းဖက် NUG အဖွဲ့နှင့် ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ အဖွဲ့ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ “မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရ” လို့ ထပ်မံရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွက်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ချီထားကြပါတယ်။ သတင်းဆန်းစစ်ချက် မန္တလေးမြို့မှာ NUG […]
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၄ လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့ ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော် အမြှောက်ကုန်း (စွယ်တော်ကုန်း) ကို KNU တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ၃ လကျော်ကြာ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိမ်းယူခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ ၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ လက်ထက်မတိုင်ခင် ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ နယ်စပ်ဒေသတလျှောက် ဗျူဟာမြောက် စခန်းတွေ၊ ခြေကုပ်စခန်းတွေ အများအပြားရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် KNU နဲ့ PDF တပ်ရင်းတွေက တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် […]