အထက်မြန်မာပြည်၏ ကုန်စည်ဖြန့်ဖြူးရောင်းချရာ ဗဟိုချက်ဟုဆိုနိုင်သော မန္တလေးဈေးချိုတော်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များရှိ ပြည်ပသွင်းကုန် နိုင်ငံခြားပစ္စည်းများကို အခွန်ဆောင်တင်သွင်းခြင်းဟုတ်မဟုတ် စစ်ကောင်စီကစစ်ဆေးနေကြောင်းသိရသည်။ နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ပြည်ပသွင်းကုန်များကန့်သတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားတွင် ကုန်စည်စီးဆင်းမှုရပ်နေချိန်တွင် အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရမည်ဟုဆိုကာ လိုင်စင်မဲ့သွင်းကုန်များကို စစ်ဆေးမှုတိုးမြှင့်ရန် ယခုလ ၉ ရက်နေ့ အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်အပြီး အောက်တိုဘာ တတိယပတ်မှစ၍ ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ဈေးကွက်ထဲအထိ ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးလာခြင်းဖြစ်သည်။ ယမန်နေ့ (အောက်တိုဘာ ၂၃) တွင် မန္တလေးဈေးချိုတော်အတွင်း နိုင်ငံခြားပစ္စည်းရောင်းချသော အလှကုန်ပစ္စည်းဆိုင်နှင့် ကုန်သိုလှောင်ရုံများကို အင်အား ၁၅ ဦးခန့်ပါဝင်သည့် ရဲ၊ စည်ပင် စသည့် ဌာန ဆိုင်ရာ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု မန္တလေးဈေးချိုတော်မှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက […]