ylliX - Online Advertising Network

ဧရာဝတီမြစ် မြေနုကျွန်းများပေါ် ခိုလှုံနေရသော မတ္တရာစစ်ရှောင်များ – Myanmar Now

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများစုသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနုကျွန်းများပေါ်တွင် ခိုလှုံနေသူတချို့ကို ယခုရက်ပိုင်းက ရိုက်ကူးထားသော ဓာတ်ပုံများ ဖြစ်သည်။

 စက်တင်ဘာအတွင်းက စစ်ကောင်စီတပ်သည် မန္တလေးတိုင်းနှင့် ထိစပ်နေသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက် ကျေးရွာများကို နယ်မြေရှင်းလင်း၍ တော်လှန်ရေးတပ်ဖွဲ့များ မဝင်ရောက်လာနိုင်စေရန် စစ်ကြောင်းထိုးခဲ့သည်။ ထို့ကြောင့် မတ္တရာနယ်၊ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် ကျွန်းများပေါ်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။ စစ်စခန်းများ၊ တိုက်ပွဲများနှင့် ဝေးသည့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများပေါ်တွင် အိမ်ထောင်စုအနည်းငယ်မှ ရာချီအထိရှိသည့် မတ္တရာဒေသခံတို့ ဟိုတစ်စုသည်တစ်စု ခိုလှုံနေပြီး […]