၂၀.၁၁. ၂၀၂၄Translated by Htwe Ko Tun ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အခြားသောနေရာများတွင်ကွန်ဒိုမီနီယံအခန်းများအား မြန်မာနိုင်ငံသားများက ဝယ်ယူမှုများ တိုးပွားလာနေလျက်ရှိရာ ထိုင်းနိုင်ငံ၏နှေးကွေးအရောင်းထိုင်းနေသော အိမ်ခြံမြေ ဈေးကွက်အတွက် အခွင့်အလမ်း မျှော်လင့်ချက်တစ်ရပ် ပံ့ပိုးပေးသကဲ့သို့ ရှိနေရကြောင်း သတင်းများ အရသိရသည်။ ထိုသို့ဝယ်ယူသူ မြန်မာနိုင်ငံသားများမှာလည်း ပြည်တွင်းစစ်ကြောင့် ထိခိုက်နေရသော နိုင်ငံ၏စီးပွားရေးမှ အပြင်ဘက်သို့ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးများကို ရွှေ့ပြောင်းလာကြသည့် သ ဖွယ်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက် ဗဟို(REIC) က ပြောခဲ့သည်။ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုမှာ တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယနေရာတွင်လည်း ရှိနေခဲ့သည်။ REIC မှ ယာယီညွှန်ကြားရေးမှူးချုပ် ကာမွန်ပေါ့ […]
လိကျန်း(ယူနန်)၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့သည် ကမ္ဘာ့ယဉ်ကျေးမှု ခရီးသွားလာရေးမြို့အဖြစ် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လိကျန်းရှေးဟောင်းမြို့၊ ယွိလုန်နှင်းတောင်စသည့် ရှုခင်းသာနေရာများ၏ အရည်အသွေးကို ဆက်လက်မြှင့်တင်ခြင်း၊ ဝန်ဆောင်မှု အာမခံချက် အစီအမံများ အားကောင်းအောင် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စျေးကွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ လိကျန်းမြို့တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၆၈.၆၆၃ သန်းကို ကြိုဆိုလက်ခံခဲ့ပြီး ကာလတူထက် ၂၀.၇၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။ (Xinhua) လိကျန်းရှေးဟောင်းမြို့၌ လာရောက်လည်ပတ်နေကြသော ခရီးသွားဧည့်သည်များကို နိုဝင်ဘာလ ၁၀ ရက်က […]