ylliX - Online Advertising Network

စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များ ခြုံခိုတိုက်ခိုက်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအရှေ့ဘက်တွင် အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းအား လူထုတော်လှန်ရေးမဟာမိတ် အင်အားစု (PRA-Magway) ရဲဘော်များက နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က ခြုံခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို PRA-Magway ရဲဘော်များက ၁၅ မိနစ်ခန့် ခြုံခိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီးအဆင့် အပါအဝင် (၉) ဦးသေဆုံး​ (၁၀) ဦးခန့် ဒဏ်ရာရရှိကြောင်း တိုက်ပွဲအတွင်းမြင်တွေ့ခဲ့ရသည်ဟု PRA-Magway၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Red News Agency အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။ ခြုံခိုတိုက်ခိုက်ခံရသော အင်အား ၄၀ ခန့်ရှိစစ်ကြောင်းသည် မစခ ၉၀၅ လက်အောက်ခံ တပ်များနှင့် […]

သန်းခေါင်စာရင်းကောက်ယူနေသော စစ်ကောင်စီလက်အောက်ခံများ ပစ်ခတ်ခံရ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် (၇) ၅၀၀ ပြည့်ရပ်ကွက်အတွင်း သန်းခေါ်စာရင်းကောက်ယူရန် ပြုလုပ်နေသော စစ်ကောင်စီလက်အောက်ခံ (၅၀)ဦးခန့်အား နိုဝင်ဘာ ၁၀ ရက်နေ့ က ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ #RedNewsAgency #RNA #REDNEWS #AhNyar Source link

အမ်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံများ မကွေးတိုင်းအတွင်း ထွက်ပြေးလာသည့် အတွက် ဖမ်းဆီးရရှိမှုများရှိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ယနေ့ Red News Agencyကို ပြောကြားထားသည်။ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များ လှုပ်ရှားနေသော မကွေးတိုင်းအတွင်း ရှေ့တန်းတနေရာတွင် အမ်းမြို့ နပခ ရှိ ခမရ ၃၇၃ မှ တပ်သား (၂) ဦးနှင့် ခမရ ၃၇၁ မှ တပ်သား (၂) ဦးတို့ကို နိုဝင်ဘာ (၃) ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့တို့က ဖမ်းဆီးရမိကြောင်း သိရသည်။“ရခိုင်ပြည်နယ်ဘက်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ မကွေးတိုင်းဘက်ကိုဆို လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မလို့ […]

5.56mm ကျည်သုံး ကာဘိုင်သေနတ် ဗိုလ်မိုက်ခဲအဖွဲ့ ထုတ်လုပ်အောင်မြင်

RNA_နိုဝင်ဘာ(၈)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုဒေသနှင့်မြင်းခြံဒေသအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် 5.56mm ကျည်သုံး ကာဘိုင်အမျိုးအစား သေနတ်အား နိုဝင်ဘာ ၇ ရက်နေ့က ထုတ်လုပ်အောင်မြင်ခဲ့ပြီဖြစ်သည့်အတွက် ရှေ့တန်းစစ်မျက်နှာပြင်မှ ကျားမဲလေးများ ကိုင်ဆောင်ထားသော ကိုးလုံး (ရှော့ဂမ်း) နေရာတွင် 5.56mm ကျည်သုံး ကာဘိုင်သေနတ်များကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်နှင့် ဘုံတောလမ်းဆုံနှင့် မိုင်တိုင် (၁၁)ရှိ စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းရဲဘော်များက နိုဝင်ဘာ (၅) ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူများအပြင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်သည့်အတွက် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။ #RedNewsAgency #RNA #REDNEWS Source link

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

စစ်အာဏာရှင်တော်လှန်ဖို့ ကျောင်းထွက် PDF ထဲဝင်လာသူ လူငယ်နှစ်ယောက် ငှက်ဖျားဖြစ်ပြီး ကုစရာ ဆေးမရလို့ ကျဆုံး

မကွေးတိုင်းအခြေပြု ဖွဲ့စည်းထားတဲ့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) ရဲဘော်နှစ်ဦး ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကျဆုံးခဲ့ရတယ်လို့ ACDF တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။   ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးဟာ ဆလိုင်း ဂျိုးဇက်နဲ့ အငယ်ကောင်တို့ဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ဖို့အတွက် ကျောင်းထွက်ကာ ACDF တပ်ဖွဲ့ထဲ ဝင်ရောက်လာတာဖြစ်ပါတယ်။   အဲဒီရဲဘော်နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြစ်ပွားတဲ့ငှက်ဖျားရောဂါကို ကုသဖို့ ဆေးလုံလုံလောက်လောက်မရရှိတဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။   “ကျွန်တော်တို့နေတဲ့ဘက် စစ်ကြောင်းကလည်းထိုးတော့ ဆေးရုံပို့ဖို့ အချိန်မမီလိုက်ဘူး။ စခန်းမှာလည်း ငှက်ဖျားနဲ့ပတ်သက်လို့ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ဆေးကုသမှုအပြည့်အဝ မလုပ်နိုင်ခဲ့လို့ ရဲဘော်တွေက အခုလိုကျဆုံးခဲ့ရတာဖြစ်ပါတယ်” လို့ ACDF ပြန်ကြားရေးတာဝန်က […]

အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။ မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ […]

ထီးလင်းတွင် အဖမ်းခံရသည့်တော်လှန်ရေးအဖွဲ့ဝင်၄ ဦး မီးရှို့သတ်ဖြတ်ခံရ – Myanmar Now

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်း စစ်တပ်က အလစ်အငိုက် စီးနင်းမှုတွင်  တော်လှန်ရေးအဖွဲ့ဝင် ၅ ဦး သတ်ဖြတ်ခံရပြီး ၄ ဦး၏ ရုပ်အလောင်းများမှာ မီးရှို့ခံထားရသည်။ ထီးလင်းမြို့မှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးအင်အား ၈၀ ပါ စစ်ကြောင်းသည် မြို့တောင်ဘက် ၄ မိုင်ခန့်အကွာ ကျားခဲရွာကို  နံနက် ၄ နာရီခွဲတွင် ဝင်ရောက်စီးနင်းစဉ် ရွာအနောက်ပိုင်း၌ လုံခြုံရေး ကင်းစောင့်နေသည့် တော်လှန်ရေးအဖွဲ့ဝင် ၄ ဦး  အငိုက်မိပြီး ဖမ်းဆီးခံရသည်။  ၎င်းတို့မှာ အသက် ၃၀ နှင့် ၄၀ ကြားအရွယ်များဖြစ်သော ကိုသန်းစိန်မင်း၊ ကိုမျိုးကျော်၊ ကိုမင်းသူနှင့် ကိုဝင်းဆန်းဦး တို့ဖြစ်ကြပြီး ၃၀ အရွယ် ကိုနေဆန်းဝင်းဆိုသူမှာလည်း  […]

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။ ပျောက်နေတာတွေရှိသေးတယ်လို့ ကြားတယ်။ အခုတော့ စစ်ကြောင်းက ထွက်သွား​ပြီ […]