ylliX - Online Advertising Network

မကြာမကြာ ခရီးသွား ကွီးတို့ ပစ္စည်း

ခရီးသွားလို့ ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ခရီးသွား လာခြင်းကြောင့် ဒေသန္တရ ဗဟုသုတရစေသလို စိတ်လက်အပန်းပြေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ သဘာဝကြီးနဲ့ ထိတွေ့ရလို့ စိတ်သစ်ကိုယ်သစ်နဲ့ ‌ဘဝအမောတွေကနေလည်း သက်သာရာ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတော့မယ်ဆိုရင် အရေး‌ပေါ်  သယ်သွားသင့်တဲ့ ပစ္စည်း လေးတွေတော့ မပါလို့ မဖြစ်ပါဘူး။ (၁) အားသွင်းသုံးနိုင်တဲ့ဓါတ်မီး Photo : The New York Times လျှပ်စစ်မီးမရတဲ့ နေရာလည်း ခရီးသွားနိုင်တာပါပဲ။ ဒီလို အခြေအနေမျိုးတွေမှာဆို ဓါတ်မီးတစ်လက်ကတော့ မပါမဖြစ်ပါဘဲ။ ဓါတ်မီးကိုလည်း Solar Panel နဲ့ အားသွင်းပေါက် Charging Port ပါတဲ့ ဓါတ်မီးမျိုး ဝယ်ထားသင့်ပါတယ်။ (၂) Multipurpose Tool Photo : […]

မျက်မှောက် အပြောင်းအလဲ အမေရိကန်၊ တရုတ်နဲ့ မြန်မာတို့၏ တုံ့ပြန်ချက်တွေ

မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၈ မြင်ကွင်း (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၄⁨⁨⁨⁨⁨⁨ မျက်မှောက် အပြောင်းအလဲ အမေရိကန်၊ တရုတ်နဲ့ မြန်မာတို့၏ တုံ့ပြန်ချက်တွေ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်နဲ့ တပတ်တည်းမှာပဲ အမေရိကန်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲရလဒ်က အမေရိကန်ပြည်တွင်း ပြည်ပသာမက မြန်မာလူမျိုးတွေကြားမှာပါ ကြီးမားသောဂယက်ကို ထိခိုက်စေပါတယ်။ မင်းအောင်လှိုင်၏ ခရီးစဉ်နဲ့ပတ်သက်ပြီးတော့လည်း မြန်မာတွေအကြားမှာ ဆွေးနွေးပြောဆိုစရာတွေ ဝေဖန်အငြင်းပွားစရာတွေ ဖြစ်နေကြတာလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတခုမှာ ထုတ်ပြန်ရာမှာ – မြန်မာဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ  တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်သာယာရေးကို အကောင်အထည် ဖော်ဆောင်ရန် အားပေးထောက်ခံသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆိုတယ်လို့ ဆိုပါတယ်။ အသေးစိတ်ဖော်ပြချက်ကတော့ – မိမိတို့သည် […]