ylliX - Online Advertising Network
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မိတ်ဆက်ရောင်းချ - Property News in Myanmar from iMyanmarHouse.com

ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မိတ်ဆက်ရောင်းချ – iMyanmarHouse.com


Amazon မှ အသစ်ရောင်းချသော ခေါက်အိမ်သည် ဒေါ်လာ ၉၀၀၀ ကျော်ခန့်သာကုန်ကျပြီး နေရာတစ်ခုမှ နောက်တစ်နေရာသို့ အလွယ်တကူပြောင်းရွေ့အခြေချနိုင်သည့် ခေါက်နိုင်သော Container Home အမျိုးအစားဖြစ်သည်။

သတ္တုသားကို အခြေခံတည်ဆောက်ထားပြီး ရာသီဥတုဆိုးရွားသည့်ကာလမှာပင် ကောင်းစွာ နေထိုင်နိုင်သည်အထိ အရည်အသွေးတိုးမြှင့်ပြုလုပ်ထားကြောင်း သိရပါသည်။အိမ်တစ်လုံးကို ဒီဇိုင်းအမျိုးမျိုးထွင်နိုင်ပြီး လုံခြုံမှုခိုင်မာမှုရှိအောင် ဦးစားပေးဆောက်လုပ်ထားခြင်းဖြစ်ကြောင်း Amazon မှ ဖော်ပြထားပါသည်။

( နူးညံ့နွေးထွေးသော ရွှေ့ပြောင်းအိမ်လေးမှာ ကျယ်ဝန်းသောမီးဖိုချောင်, ရေချိုးခန်း, ဧည့်ခန်းကျယ်ပါဝင်သည်။ ဓာတ်ပုံ -Amazon)

ဆောက်လုပ်မှုကုန်ကျစရိတ်မရှိဘဲ အိမ်တပ်ဆင်ဆောက်လုပ်ရာတွင် ၁၀ မိနစ်ဝန်းကျင်သာ ကြာမြှင့်မည်ဖြစ်ပြီး အလွယ်တကူတပ်ဆင်နိုင်သည့် Container Home အမျိုးအစားဖြစ်ပါသည်။ အဆိုပါအိမ်အတွင်း ဘယ်လိုအခန်းများဖွဲ့လို့ရနိုင်သည်ဆိုသည်ကို ကြည့်ကြည့်ပါမည်။

( ရွှေ့ပြောင်း။တပ်ဆင်ရန်လွယ်ကူသော ကွန်တိန်နာအိမ်ငယ်လေးကို ဒေါ်လာ 9,876 ဖြင့်ရောင်းချမည်ဖြစ်ကြောင်း Amazon မှ အရောင်းပြထားသည်။ ဓာတ်ပုံ -Amazon )

အိမ်မှာ (၁၉ ပေ x ပေ ၂၀) ကျယ်ဝန်းပြီး လူနှစ်ယောက်စာ သက်သာချောင်ချိစွာ နေထိုင်နိုင်မည် ဖြစ်သည်။ လွယ်ကူသန့်ရှင်းတဲ့ မီးဖိုချောင်အခန်းငယ်ဖွဲ့နိုင်ပြီး အေးချမ်းသည့်ရာသီဥတုတွင် နွေးထွေးမှုကိုပေးမည့် ဧည့်ခန်း၊ရေချိုးခန်းများ ပါဝင်မှာဖြစ်ပါသည်။

( အိမ်ရဲ့ရေချိုးခန်းကိုအသားပေးဖော်ပြထားသည့်ပုံတွင် ဘေစင်၊ရေချိုးခန်း၊အိမ်သာ ပါဝင်သည်ကို တွေ့ရှိနိုင်သည်။ ဓာတ်ပုံ -Amazon )

အမေရိကန်နိုင်ငံတွင် ရွေ့ပြောင်း Container Home များဖြင့် နေထိုင်မှုသည် တစ်စတစ်စတိုးပွားလာနေပြီး အိမ်တစ်လုံး၏ လက်ရှိပျှမ်းမျှကုန်ကျစရိတ်မှာ ဒေါ်လာ ၂ သောင်းခန့်မှသည် တစ်သိန်းဝန်းကျင်အထိ ရှိနေသည့်ကြားမှ Amazon မှ အသစ်မိတ်ဆက်လိုက်သည့် Container Home အသစ်ကမှာ ဒေါ်လာ ၉၀၀၀ ကျော်သာ ကျသင့်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် တန်လွန်းပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com



Source link

Leave a Reply

Your email address will not be published. Required fields are marked *