ylliX - Online Advertising Network
မကြာမကြာ ခရီးသွား ကွီးတို့ ပစ္စည်း

မကြာမကြာ ခရီးသွား ကွီးတို့ ပစ္စည်း


ခရီးသွားလို့ ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ခရီးသွား လာခြင်းကြောင့် ဒေသန္တရ ဗဟုသုတရစေသလို စိတ်လက်အပန်းပြေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေပါတယ်။ သဘာဝကြီးနဲ့ ထိတွေ့ရလို့ စိတ်သစ်ကိုယ်သစ်နဲ့ ‌ဘဝအမောတွေကနေလည်း သက်သာရာ ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ခရီးသွားတော့မယ်ဆိုရင် အရေး‌ပေါ်  သယ်သွားသင့်တဲ့ ပစ္စည်း လေးတွေတော့ မပါလို့ မဖြစ်ပါဘူး။

(၁) အားသွင်းသုံးနိုင်တဲ့ဓါတ်မီး

 Flashlights
Photo : The New York Times

လျှပ်စစ်မီးမရတဲ့ နေရာလည်း ခရီးသွားနိုင်တာပါပဲ။ ဒီလို အခြေအနေမျိုးတွေမှာဆို ဓါတ်မီးတစ်လက်ကတော့ မပါမဖြစ်ပါဘဲ။ ဓါတ်မီးကိုလည်း Solar Panel နဲ့ အားသွင်းပေါက် Charging Port ပါတဲ့ ဓါတ်မီးမျိုး ဝယ်ထားသင့်ပါတယ်။

(၂) Multipurpose Tool

multipurpose tool
Photo : Startup Selfie

ခရီးသွား ရာမှာ ဘက်စုံသုံး အိတ်ဆောင်ဓါး ၊ ပုလင်းဖောက်တံ ၊ သော့ ၊ ကတ်ကြေး ၊ ဝက်အူလှည့်ကိရိယာ နဲ့ ပလယ်ယာ အစုံပါတဲ့ Multipurpose Tools လေးတွေကို ဆောင်သွားသင့်ပါတယ်။ အရေးတကြီး လိုတဲ့အခါ ဒီပစ္စည်းလေးတွေ အစုံပါတဲ့ Took Kits က အသုံးတည့်ပြီး သင့်အသက်ကိုပါ ကယ်တင်နိုင်မှာပါ။

(၃) Power Bank

power bank
Photo : The New York Times

သွားလေရာမှာ သင့်ဖုန်း ဘက်ထရီအားမပြတ်အောင် Portable Power Bank လေး ဆောင်ထားသင့်ပါတယ်။ ဖုန်းဘက်ထရီဆိုတာ စိတ်မချရပါဘူး။ နောက်ပြီး ကိုယ်သွားမယ့်နေရာမှာလည်း လျှပ်စစ်မီးရမယ် မရဘူးဆိုတာ မသေချာပါဘူး။

 (၄) Wireless Headphones

headphones

Photo : Which.co.uk

ခရီးသွား ချိန်မှာ သီချင်းတွေနဲ့ အဖော်ပြုနိုင်ဖို့ Wireless Headphones ကောင်းကောင်း တစ်လုံးလည်း လိုမှာပါ။ ခရီးလမ်းတစ်လျှောက်မှာရော ၊ အနားယူ အပန်းဖြေချိန်တွေအတွက်ပါ အထူးအသုံးဝင်တာကြောင့် ကွာလတီ အမိုက်စား Headphones တစ်လုံး သယ်ဆောင်သွားဖို့ အကြံပြုချင်ပါတယ်။

Featured Photo : Amazon.in





Source link

Leave a Reply

Your email address will not be published. Required fields are marked *