နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် NLDအစိုးရအဖွဲ့ဝင်များ ဝယ်ယူထားသည့် နေပြည်တော် မြေကွက်များကို စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ကြောင်း စိစစ်တွေ့ရှိရသည်။ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ မြေကွက် ၃၆ ကွက်၏ နှစ် ၃၀ မြေငှားစာချုပ်ဂရန်ကို ပယ်ဖျက်လိုက်သည် နိုဝင်ဘာ၂၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ကြေညာထားရာ ထိုမြေကွက်များတွင် အစိုးရခေါင်းဆောင်တို့၏ ပိုင်ဆိုင်မှုများ ပါဝင်သွားခြင်းဖြစ်သည်။ ပေးသွင်းထားသည့် မြေကွက်တန်ဖိုးငွေ လာရောက်ထုတ်ယူနိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။ သို့သော်လည်း မြေငှားစာချုပ်ဂရန် ပယ်ဖျက်သည့် အကြောင်းရင်းကို ဖော်ပြခြင်းမရှိပါ။ စစ်ကောင်စီက တစ်ဖက်လှည့်ဖြင့် မြေငှားစာချုပ်ဂရန်ပြန်သိမ်းကာ သိမ်းယူလိုက်သည့် မြေကွက် ၃၆ ကွက်တွင် ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သည့် မြေကွက်အမှတ် ဥ− ၁၀၀၁၊ ဦးဝင်းမြင့်ပိုင်ဆိုင်သည့် မြေကွက်အမှတ် ဥ− ၁၀၀၂ တို့ပါဝင်ကြောင်း […]