ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၉ ရက် ညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲလင့်ကစား ဂျာမနီနိုင်ငံက ယူကရိန်းသို့ ကတိပြုထားတဲ့ ယူရို ၄ ဘီ လီယံကို ထောက်ပံ့နိုင်မယ်လို့ ဘတ်ဂျက်ကော်မတီမှ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး က ဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန်လင်နာကို ရာထူးမှထုတ်ပယ်ကာ ဇန်နဝါရီလမှာ အယုံအကြည်မရှိအဆို မဲခွဲမယ်လို့ ကြေညာမှုကြောင့် ဂျာမနီနိုင်ငံဟာ နိုင်ငံရေးအရ ကစဉ့်ကလျားအခြေအနေ ဖြစ်လာပါတယ်။ ဂျာမနီမှ ယူကရိန်းသို့ပေးအပ်တဲ့ အကူအညီပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ယူရို ၈ ဘီလီယံမှ ၂၀၂၅ ခုနှစ်မှာ ယူရို ၄ ဘီလီယံအထိ ဖြတ်တောက်လိုက်တာလို့ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းအရ သိရပါ တယ်။ G7 နိုင်ငံတွေ အတည်ပြုထားတဲ့ […]