ylliX - Online Advertising Network
ဂျာမနီက ယူကရိန်းသို့ ယူရို ၄ ဘီလီယံ စစ်ရေးအကူအညီ ပေးမယ် - Ayeyarwaddy Times

ဂျာမနီက ယူကရိန်းသို့ ယူရို ၄ ဘီလီယံ စစ်ရေးအကူအညီ ပေးမယ် – Ayeyarwaddy Times


ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၉ ရက်

ညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲလင့်ကစား ဂျာမနီနိုင်ငံက ယူကရိန်းသို့ ကတိပြုထားတဲ့ ယူရို ၄ ဘီ လီယံကို ထောက်ပံ့နိုင်မယ်လို့ ဘတ်ဂျက်ကော်မတီမှ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရရှိပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး က ဘဏ္ဍာရေးဝန်ကြီး ခရစ်ရှန်လင်နာကို ရာထူးမှထုတ်ပယ်ကာ ဇန်နဝါရီလမှာ အယုံအကြည်မရှိအဆို မဲခွဲမယ်လို့ ကြေညာမှုကြောင့် ဂျာမနီနိုင်ငံဟာ နိုင်ငံရေးအရ ကစဉ့်ကလျားအခြေအနေ ဖြစ်လာပါတယ်။

ဂျာမနီမှ ယူကရိန်းသို့ပေးအပ်တဲ့ အကူအညီပမာဏဟာ ၂၀၂၄ ခုနှစ်မှာ ယူရို ၈ ဘီလီယံမှ ၂၀၂၅ ခုနှစ်မှာ ယူရို ၄ ဘီလီယံအထိ ဖြတ်တောက်လိုက်တာလို့ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းအရ သိရပါ တယ်။

G7 နိုင်ငံတွေ အတည်ပြုထားတဲ့ ထိန်းချုပ်ခံ ရုရှားပိုင်ဆိုင်မှုတွေရဲ့ အကျိုးအမြတ်တွေမှ ဒေါ်လာ ၅၀ ဘီလီယံရရှိမှာဖြစ်လို့ ယူကရိန်းနိုင်ငံဟာ စစ်ရေးလိုအပ်ချက် ပြည့်မီမယ်လို့ ဂျာမနီနိုင်ငံက မျှော်လင့် ခဲ့ပါတယ်။

သို့သော်လည်း အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ပြန်လည်အနိုင်ရရှိမှုကြောင့် အမေရိကန်ရဲ့ ယူကရိန်းသို့ ပံ့ပိုးကူညီမှု လျှော့နည်းသွားနိုင်တာကို ဉရောပတိုက်မှာ စိုးရိမ်မှုတွေ မြင့် တက်နေပါတယ်။

အိုလက်ဖ်ရှိုးက ယူကရိန်းသို့ အကူအညီပေးအပ်မှုကို ယူရို ၁၅ ဘီလီယံထိ ယူရို ၃ ဘီလီယံ တိုး ပေးလိုခဲ့ပေမယ့် ဉပဒေက အဟန့်အတားဖြစ်နေတယ်လို့ အစိုးရသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂျာမနီက လာမယ့်နှစ်မှာ ယူကရိန်းသို့ တိုက်ရိုက် စစ်ရေးအကူအညီ ယူရို ၄ ဘီလီယံ ထောက်ပံ့ မယ်လို့ အောက်တိုဘာလ ၁၁ ရက်မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အို လက်ဖ်ရှိုးက ကြေညာခဲ့တာပါ။

ကိုးကား – Reuters
Ref; Germany to Provide €4 Billion Pledged to Ukraine Despite Coalition Collapse

#Ayeyarwaddy_Times



Source link

Leave a Reply

Your email address will not be published. Required fields are marked *