နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ ၂၀၂၄ နိုဝင်ဘာ ၅ ရက်ကို တကမ္ဘာလုံးက ရင်မပြီး စောင့်ကြည့်နေကြပါတယ်။ ဒီနေ့က အမေရိကန်ပစ္စဖိတ်ကမ်းခြေ စံတော်ချိန် နိုဝင်ဘာ ၄၊ ည ၁၀ နာရီ ဖြစ်ပါတယ်။ အခုကတည်းက မနက်ဖြန် ဘယ်သူနိုင်ရင် ဘာဖြစ်မလဲဆိုတာကို သတင်းဌာနတွေက အပြိုင်အဆိုင် ဆွေးနွေးသတင်းတင်ဆက်နေကြပါပြီ။ ၂၀၁၆ တုန်းက ထရန့်ကို နိုင်လိမ့်မယ် မထင်ခဲ့ကြဘူး။ သူ နိုင်သွားတော့ ဒီမိုကရက်နဲ့ အိုဘားမားတို့က ဣန္ဒြေရရ အာဏာလွှဲပေးခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ အထိ အမေရိကန်ပြည်ကြီး ငါးပါးမှောက်တာအပြင် နိုင်ငံတကာပါ သံဃာစင်မှောက်ခဲ့ကြတာပဲ။ သိကြမှာပါ။ ၂၀၂၀ မှာ ထရန့် ရွေးကောက်ပွဲရှုံးတော့ အိမ်ဖြူတော်ကနေ အေးအေး မဆင်းသွားဘူး။ […]