(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၄ စစ်ကောင်စီတပ်တွေ ရှမ်းမြောက်မှာ ခံစစ်ကနေ ထိုးစစ်ပြန်ဆင်လာ၊ ဘုတလင်မြို့နယ်ထဲက ရက်စက်စွာ သတ်ဖြတ်မှု ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတွက်ရင် တနှစ်နီးပါး ကြာချိန်အတွင်း မြို့ပေါင်း တဒါဇင်ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီ အနေနဲ့ ခုသီတင်းပတ်တွေမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ တွေ့ရတဲ့အကြောင်း သတင်းဖော်ပြချက် အချို့မှာ စတင်တွေ့လာရတာ ဖြစ်ပါတယ်။ ရှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားတဲ့ သတင်းတပုဒ်မှာ နောင်ချို၊ ကွမ်လုံ၊ သိန္နီ၊ လားရှိုး စတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုများပြားလာသလို မြေပြင်ကလည်းထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ TNLA လက်နက်ကိုင် တွေ […]