မကြာသေးခင်ရက်များအတွင်း ရေပိုင်နက်ကျော်ပြီး ရောက်လာသော ရေလုပ်သား စုစုပေါင်း ၂၁ ဦး နေရပ်ပြန်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ထံ ဆက်သွယ်လွှဲပြောင်းပေးခဲ့သည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။ AA ၏ ယမန်နေ့ (အောက်တိုဘာ ၁၄) ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး တွေ့ရသော စက်လှေတစ်စင်းပေါ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ၁၆ ဦးကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ရေလုပ်သားများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ကော့ဘဇားမြို့ရှိ ပါဟားတူလီအစ္စလာမ်ပူ (ခ) ရှားဟာ့နိုရိုနော်ဂေါ် ကျေးရွာမှ ၁၄ ဦးနှင့် ဖီးချားရီကကျေးရွာ မှ ၁ ဦး၊ တိုင်ကာနာမြို့ ဆားပြင်ပင်ဆိုးရီ ကျေးရွာမှ ၁ ဦးတို့ဖြစ်ကြသည်ဟု ဆိုသည်။ ထိုသူများသည် […]