မြန်မာနိုင်ငံအနှံ့ အရပ်သားများနှင့် တော်လှန်ရေးအဖွဲ့များအား နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသော အာဏာသိမ်း စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေကြောင်း ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ပြောသည်။ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နှင့် အောက်တိုဘာလ ၁၀ ရက်နေ့တွင် သြစတေးလျနိုင်ငံ ကင်ဘရာမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် စစ်ကောင်စီအား ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး Mr. Tom Andrews က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း […]
ဗီယက်နမ်နိုင်ငံအနောက်မြောက်ပိုင်းရှိ တောင်ပေါ်မြို့လေး ဆားပါးက ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ၊ ထူးခြားတဲ့ ရိုးရာဓလေ့တွေ၊ တိုင်းရင်းသားကျေးရွာတွေကြောင့် နာမည်ကျော်ပါတယ်။ ဆားပါးရှိ တိုင်းရင်းသားကျေးရွာတွေအနက် အလှဆုံးကတော့ ကတ်ကတ်ကျေးရွာ (Cat Cat Village) ပဲဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့တောတောင်တွေ၊ လှေကားထစ်စိုက်ခင်းတွေနဲ့ တိမ်ပင်လယ်တွေကြားတည်ရှိလို့ ဆားပါးသွားလည်သူတိုင်း အရောက်သွားသင့်တဲ့ ကျေးရွာလေးပါ။ တောင်ပေါ်ကျေးရွာဖြစ်တဲ့အလျှောက် တစ်နှစ်ပတ်လုံး အေးမြနေလို့ ဘယ်ရာသီမဆို သွားလာရ အဆင်ပြေပါတယ်။ ၂၀ ရာစုအစောပိုင်းက ပြင်သစ်လူမျိုးတွေက ဒီကျေးရွာနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ရှုခင်းသာယာလွန်းလို့ အပန်းဖြေနေရာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ရွာမှရှိတဲ့ CatScat ရေတံခွန်နာမည်ကို အမှီပြုပြီး Cat Cat ကျေးရွာလို့ အမည်မှည့်ခေါ်ခဲ့ကြတာပါ။ ကတ်ကတ်ရွာမှာ ဆားပါးရှိ တိုင်းရင်းသားတွေအနက် လူဦးရေအများဆုံးဖြစ်တဲ့ မှုန်တိုင်းရင်းသားလူမျိုးတွေနေထိုင်ပါတယ်။ ရွာသူရွာသားတွေအနေနဲ့ လှေကားထစ်စိုက်ခင်းတွေမှာ စပါးစိုက်ကြသလို ချည်ထည်နဲ့ ဘရိုကိတ်စတွေလို […]