ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts) ပိုမိုအရေးတကြီး […]
မြန်မာစစ်တပ်ကို လေယာဉ်ဆီ၊ လေယာဉ်ပစ္စည်းအစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းများနှင့် နည်းပညာများ အကူအညီပေးနေသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က ထပ်မံအရေးယူပိတ်ဆို့လိုက်သည်။ Source link
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများနှင့် ပတ်သက်သော“ဆွေးနွေးပွဲတစ်ခု စတင်ရန်အချိန်ရောက်ပြီ” ဟု အောက်တိုဘာ ၂၆ ရက် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် ယခင် ကိုလိုနီနိုင်ငံအများအပြားကို မျက်နှာမူရာတွင် ဗြိတိန်ဘုရင် တတိယချားလ်စ်သည် အစည်းအဝေးတွင် ဗြိတိန်နိုင်ငံ၏ ကျွန်ကုန်သွယ်မှုသမိုင်းအတွက် တောင်းပန်ခြင်း မရှိခဲ့ကြောင်း၊ ဗြိတိန် ၀န်ကြီးချုပ် ကီယာစတားမာကလည်း ကျွန်စနစ်ကျန်ရစ်ခဲ့သောပြဿနာများကို ဆွေးနွေးရာတွင် “ငွေကြေးနှင့် မပတ်သက်ကြောင်း” အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။ ဗြိတိန်ဘုရင်က တောင်းပန်ခြင်း မရှိ ယခုနှစ် ဗြိတိသျှဓနသဟာယ အစိုးရ ထိပ်သီးအစည်းအဝေးကိုပစိဖိတ်ကျွန်းနိုင်ငံ ဆာမိုအာတွင် ကျင်းပခဲ့သည်။ ဗြိတိသျှဓနသဟာယသည် ဗြိတိန်နိုင်ငံနှင့် လက်ရှိတွင် လွတ်လပ်ရေးရရှိထားသော ယခင်ဗြိတိန်ကိုလိုနီနိုင်ငံများ သို့မဟုတ် ဩဇာခံနိုင်ငံများ ပူးတွဲထားသည့် အစုအဖွဲ့ဖြစ်ပြီး လက်ရှိတွင် […]