ylliX - Online Advertising Network

စစ်တပ်ပစ်ခတ်မှုကြောင့် ဖယ်ခုံနှင့်လွိုင်ကော် ဒေသခံ ၆ ဦးသေဆုံး – Myanmar Now

နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။  နိုဝင်ဘာ ၈ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း လေတပ်ဗုံးကြဲမှုကြောင့် ၂ ဦး၊ လွိုင်ကော်မြို့နယ်တွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခြင်းကြောင့် ၄ ဦးသေဆုံးသည်ဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများလည်း ရှိသည်ဟု ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် အခြေစိုက် အင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။  “စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးတယ်။ ၃ ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ပါတယ်” ဟု သူက […]