စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာများကို လိုက်လံမီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၃၇ ဦးကို ဖမ်းထားပြီး ယနေ့ (နိုဝင်ဘာ ၁) တွင်လည်း ကျေးရွာတစ်ရွာကို မီးရှို့နေကြောင်း ဒေသခံများထံက သိရသည်။ ထိုလက်နက်ကိုင် အင်အား ၁၅၀ ခန့်မှာ အောက်တိုဘာ ၃၀ ရက်နေ့က ကန့်ဘလူမြို့ အမှတ် (၆၀၀၆) တင့်ကားတပ်မှ ကား ၃ စီးဖြင့် ထွက်လာခြင်းဖြစ်ပြီး စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ပါဝင်သည်၊ မြို့တောင်ဘက် ကာဘိုးကျေးရွာမှ တဆင့် ထိုရွာအရှေ့ဘက် ကပ်လျက်ရှိ အိုင်ပေါင်းချောင်ရွာ၊ ကျီစုရွာတို့ကို စီးနင်းခဲ့ခြင်းဖြစ်သည်။ အိုင်ပေါင်းချောင်ရွာသို့ ရောက်စဉ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ရွာခံများအနက် လူငယ်နှင့် လူလတ်ပိုင်း အမျိုးသား ၃၄ […]