(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၄ ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတို့ကိုထိစပ်နေပြီး အနောက်ဘက်မှာတော့ မန္တလေးတိုင်း အရှေ့တောင်ဘက်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် (ယခင် ကယားပြည်နယ်) ထဲက ဒေသအချို့ဖြစ်တဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကယန်းလက်နက်ကိုင် အဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် K.N.A ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ ကရင်နီပြည်မှာ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တပ်ဖွဲ့အဖြစ်ရှိခဲ့တဲ့ KNPP/KA ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြတဲ့ […]
Image via OC3D Intel နဲ့ AMD တို့ဟာ ခါးသီးလှတဲ့ပြိုင်ဘက်တွေဖြစ်ကြပေမယ့် တူညီတဲ့ architecture တစ်ခုက သူတို့ကိုပေါင်းစည်းစေခဲ့ပါတယ်။ သူတို့နှစ်ခုလုံးရဲ့ CPU တွေမှာ လက်ရှိအသုံးပြုနေတာက x86 Instruction Set Architecture (ISA) ဖြစ်ပြီး ကမ္ဘာ့မှာအသုံးအများဆုံး computing architecture ဖြစ်ပါတယ်။ x86 ရဲ့ အနာဂတ်ကို ခိုင်မာစေဖို့ AMD နဲ့ Intel တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်းခဲ့ပြီး x86 နည်းပညာရဲ့ လေးဆယ်စုနှစ်ကြာအောင်မြင်မှုကို အခြေခံပြီး ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်၊ ပိုမိုချောမွေ့တဲ့ လုပ်ဆောင်မှုနဲ့ ပိုမိုရိုးရှင်းတဲ့ ဆော့ဖ်ဝဲထုတ်လုပ်ခြင်းတွေကို ပေးအပ်သွားဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ AMD နဲ့ Intel […]