ylliX - Online Advertising Network
x86 Architecture အား ပိုမိုကောင်းမွန်တိုးတက်စေရန် Intel နှင့် AMD တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်း

x86 Architecture အား ပိုမိုကောင်းမွန်တိုးတက်စေရန် Intel နှင့် AMD တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်း


Image via OC3D

Intel နဲ့ AMD တို့ဟာ ခါးသီးလှတဲ့ပြိုင်ဘက်တွေဖြစ်ကြပေမယ့် တူညီတဲ့ architecture တစ်ခုက သူတို့ကိုပေါင်းစည်းစေခဲ့ပါတယ်။ သူတို့နှစ်ခုလုံးရဲ့ CPU တွေမှာ လက်ရှိအသုံးပြုနေတာက x86 Instruction Set Architecture (ISA) ဖြစ်ပြီး ကမ္ဘာ့မှာအသုံးအများဆုံး computing architecture ဖြစ်ပါတယ်။ x86 ရဲ့ အနာဂတ်ကို ခိုင်မာစေဖို့ AMD နဲ့ Intel တို့က x86 Ecosystem Advisory Group ကို ဖွဲ့စည်းခဲ့ပြီး x86 နည်းပညာရဲ့ လေးဆယ်စုနှစ်ကြာအောင်မြင်မှုကို အခြေခံပြီး ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်၊ ပိုမိုချောမွေ့တဲ့ လုပ်ဆောင်မှုနဲ့ ပိုမိုရိုးရှင်းတဲ့ ဆော့ဖ်ဝဲထုတ်လုပ်ခြင်းတွေကို ပေးအပ်သွားဖို့ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

AMD နဲ့ Intel အပြင် x86 Ecosystem Advisory Group ထဲမှာ Broadcom, Dell, Google, HP, Lenovo, Meta, Microsoft, Oracle စတဲ့ ကုမ္ပဏီတွေအပြင် Tim Sweeney နဲ့ Linux Torvalds လို အထင်ကရနည်းပညာရှင်တွေလည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေနဲ့ အထင်ကရနည်းပညာရှင်တွေ ဟာ x86 ISA ရဲ့ အနာဂတ်ကို ဖန်တီးဖို့ ပူးပေါင်းပြီး ကူညီသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ instruction တွေနဲ့ architecture ပိုင်းဆိုင်ရာ interface တွေကို နည်းပညာဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီအဖွဲ့အစည်းက အနာဂတ် x86 CPU အသစ်တွေကို ပိုမိုကျစ်လစ်စေပြီး developer တွေအနေနဲ့ နည်းပညာအသစ်တွေကို ဖန်တီးအသုံးပြုနိုင်စေမှာပါ။

အခြေခံအားဖြင့် ဒီကြိုးပမ်းအားထုတ်မှုက x86 ISA ကို စံနှုန်းသတ်မှတ်ပြီး feature အသစ်တွေထပ်တိုးခြင်းကနေ  အကျိုးခံစားရစေဖို့ ရည်ရွယ်ထားတာပါ။ ဒီလိုပူးပေါင်းမှုနဲ့အတူ developer တွေဟာ အနာဂတ်မှာ AMD နဲ့ Intel က ထုတ်လုပ်မယ့် CPU တွေအားလုံးမှာ အာမခံချက်ရှိတဲ့ x86 feature အသစ်တွေကို ထည့်သွင်းအသုံးပြုနိုင်လာမှာပါ။ ဒါကတော့ အရင်က AVX-512 feature လို ရှုပ်ထွေးမှုတွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါတင်မက AMD နဲ့ Intel တို့အနေနဲ့ x86 ကို ပိုမိုရိုးရှင်းအောင် ဖန်တီးနိုင်ပြီး developer တွေ အသုံးမပြုတော့တဲ့ အချို့ခေတ်ဟောင်း feature တွေကို ဖယ်ရှားခွင့်ရလာနိုင်ပါတယ်။ 

သတိပြုရမှာက ဒီအဖွဲ့အစည်းဟာ “Advisory Group” ဖြစ်တာကြောင့် AMD နဲ့ Intel တို့က သူတို့နဲ့သက်ဆိုင်ရာအပိုင်းတွေမှာ ကိုယ်ပိုင်စိတ်ကြိုက် feature တွေကို လုပ်ဆောင်နိုင်သလို သူတို့ မလုပ်ချင်တာတွေကို လုပ်စရာ မလိုအပ်ပါဘူး။ နောက်ဆုံးမှာတော့ AMD နဲ့ Intel တို့ဟာ သူတို့အတွက်သင့်တင့်လျောက်ပတ်တဲ့နယ်ပယ်အချို့နဲ့ developer တွေအတွက်သာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆုံးမှာတော့ သူတို့နှစ်ဦးလုံးဟာ ပြိုင်ဘက်တွေအဖြစ် ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ 

Image via OC3D

ပြုပြင်ပြောင်းလဲလာသော x86 နှင့် ဆက်လက်အောင်မြင်ရန်အတွက် အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှု

အခုလို x86 CPU တွေဖန်တီးထုတ်လုပ်သူတွေဖြစ်တဲ့ AMD နဲ့ Intel တို့ဟာ ယခင်ကထက် ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ကြုံတွေ့လာရပါတယ်။ အခုဆိုရင် ARM အခြေခံ CPU တွေကို high-end PCတွေနဲ့ ဆာဗာတွေမှာ အသုံးပြုမှုတိုးတက်လာတာကြောင့် x86 ဟာ သူ့ရဲ့ စျေးကွက်ဦးဆောင်မှုကို ထိန်းသိမ်းထားဖို့ရာ လိုအပ်ကြောင်း ထင်ရှားနေပါတယ်။

ဒီAdvisory Group အသစ်ကနေတဆင့် AMD နဲ့ Intel တို့ဟာ x86 ကိုဖန်တီးဖို့ ပိုမိုစုစည်းထားသည့်ချဉ်းကပ်မှုကို ခံယူလာနိုင်ပါတယ်။ ဒါဟာ ကုမ္ပဏီနှစ်ခုလုံးက x86 ကို မတူညီတဲ့ လမ်းကြောင်းတွေပေါ် မရောက်ရှိသွားအောင် ကာကွယ်ပေးနိုင်မှာဖြစ်သလိူ လုပ်ဆောင်မှုအဆင်မပြေတဲ့ computational problem တွေကို အခြားနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မလိုအောင် တားဆီးနိုင်မှာပါ။ သူတို့နှစ်ဦးလုံးဟာ ပြိုင်ဘက်တွေဆိုပေမယ့် သူတို့အနေနဲ့ လက်တွဲပြီး မလုပ်ဆောင်နိုင်စရာအကြောင်းမရှိပါဘူး။

အဆုံးစွန်မှာတော့ ဒီလိုမဟာမိတ်ပြုခြင်းဟာ ပိုမိုထိရောက်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ CPU တွေကို ဖန်တီးပေးဖို့ဖြစ်ပါတယ်။ ဒါတင်မက x86 feature အသစ်တွေကို လျင်မြန်စွာ ဖန်တီးပြီး ဆော့ဝဲတွေမှာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအဖွဲ့အစည်းက x86 နဲ့ ၄င်းကိုအသုံးပြုသူတွေအတွက် အကျိုးရှိစေမယ့် အဖွဲ့အစည်းတစ်ခုဖြစ်လာမှာပါ။

စိတ်မကောင်းစရာကတော့ အခုဆွေးနွေးထားတဲ့ အယူအဆတွေကို ချစ်ပ်တွေထံရောက်ရှိလာဖို့ နှစ်အတန် ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် x86 Ecosystem Advisory Group ရဲ့ ဆောင်ရွက်ချက်တွေဟာ မကြာသေးခင်ကထုတ်လုပ်ထားတဲ့ CPU တွေမှာ သက်ရောက်မှုရှိလာဖို့ အချိန်ယူရပါလိမ့်မယ်။ သေချာတာကတော့ ဒီအဖွဲ့အစည်းတည်ထောင်မှုက x86 ရဲ့ ခေတ်သစ်တစ်ခုအဖြစ်အစပျိုးလိုက်တာပဲဖြစ်ပါတယ်။ ဒီခေတ်သစ်ဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ CPU feature အသစ်တွေ ပိုမိုမြန်ဆန်စွာလက်ခံကျင့်သုံးအပေါ်မူတည်နေမှာပါ။ x86 အနေနဲ့ ARM CPU တွေထက် ရေရှည်မှာဦးဆောင်ထားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ ဖြစ်နိုင်ပါတယ်။ တကယ်လို့ဘာမှဖြစ်မလာခဲ့ဘူးဆိုရင်တောင်မှ x86 ဟာ ARM ရဲ့ CPU လွှမ်းမိုးဖို့ ကြိုးပမ်းလာမှုကို ပိုမိုခက်ခဲလာစေမှာပါ။ Nvidia ရဲ့ CEO Jensen Huang ကတော့ Intel နဲ့ AMD တို့ရဲ့ x86 Alliance အဖြစ်ပူးပေါင်းဆောင်ရွက်မှုကိုသဘောကျကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ 

Source: OC3D





Source link

Leave a Reply

Your email address will not be published. Required fields are marked *