ပျှမ်းမျှအားဖြင့် အမျိုးသား တစ်ယောက်ရဲ့ ပုံမှန် ဖွားဖက်တော် အရွယ်အစားဟာ ၄.၆ လက်မကနေ ၅.၂ လက်မ ဝန်းကျင်ခန့် ရှိပါတယ်။ ဒါပေမယ့် စာရေးသူတို့ အမျိုးသား အများစုကတော့ ကိုယ့်ပစ္စည်းကိုယ် သိပ်ပြီး အားရကျေနပ်မှု မရှိကြပါဘူး။ ဒါဆို အမျိုးသမီးတွေ Side ကနေ တစ်ချက်လောက် တွေးကြည့်ရအောင်ပါ။ အမျိုးသားတွေရဲ့ ၅ လက်မဝန်းကျင် အရွယ်အစားဟာ အမျိုးသမီးတစ်ယောက်အတွက်ရော ကျေနပ်မှု ရှိစေပါ့လား ? ဒီမေးခွန်းကို မဖြေခင်မှာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် ဖွဲ့စည်းပုံ ၊ မိန်းမကိုယ် အတိမ်အနက် စတာတွေအကြောင်း အရင်ဆုံး ပြောပြပေးပါမယ်။ Photo : Love Wellness ပထမဆုံး အနေနဲ့ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် ဖွဲ့စည်းမှု ပုံစံဟာ […]
ဝမ်းဗိုက်မှာရှိတဲ့ ကြွက်သားအစိတ်အပိုင်းတွေ ကျစ်လစ်သန်မာလာဖို့အတွက်ဆို ဘယ်တော့မှ မရိုးနိုင်တဲ့ ကစားနည်းတစ်ခုကတော့ Plank ပါပဲ။ Plank လေ့ကျင့်ခန်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် ဘော်ဒီဝိတ်ကိုပဲ အသုံးပြုပြီး ကစားရတဲ့ ရိုးရှင်းတဲ့ ဝမ်းဗိုက်ကြွက်သား လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကြံ့ခိုင်မှုအပေါ် မူတည်ပြီး စိန်ခေါ်မှုရှိရှိ ကစားနိုင်မယ့် Plank ကစားနည်း ပုံစံကွဲ အမျိုးမျိုး ရှိတာကြောင့် ဒီတစ်ခေါက်တော့ ပုံမှန် Plank ထောက်နည်းက လွယ်ကူလွန်းနေတယ်ဆိုတဲ့ ကွီးတို့အတွက် ပိုခက်ပိုပြင်းထန်တဲ့ ကစားနည်း ပုံစံအချို့ကို ပြောပြပေးပါမယ်။ (၁) Wall Plank Photo : Tom’s Guide Wall Plank လေ့ကျင့်ခန်းက နံရံမှာ ခြေကန်ပြီး ခန္ဓာကိုယ် ဘော်ဒီဝိတ်ကို ဟန်ချက်ထိန်း ကစားရမှာပါ။ […]