ylliX - Online Advertising Network

ပြည်ပရောက်ခေါင်းဆောင်များ ပြန်လာရန် NUG ယာယီသမ္မတဆင့်ခေါ် – Myanmar Now

နိုင်ငံပြင်ပသို့ရောက်နေသည့်  အမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်များ ပြည်တွင်းသို့ ပြန်လာရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့(နိုဝင်ဘာ ၂၆) ရက်နေ့က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆင့်ခေါ်လိုက်သည်။ NUG ထိပ်ပိုင်းခေါင်းဆောင်များအကြား အွန်လိုင်းမှပြုလုပ်သည့်ထိုအစည်းအဝေးတွင် နွေဦးတော်လှန်ရေးသည် လွတ်လပ်ရေးရပြီးနောက် အကြီးကျယ်ဆုံးသော လူထုတော်လှန်ရေးဟု NUG ယာယီသမ္မတကဆိုပြီး သူ၏အစိုးရအဖွဲ့သည် “အဝေးရောက်အစိုးရဖြစ်လို့မရ” ဟုလည်းသတိပေးခဲ့သည်။ အသက် ၇၄ နှစ်ခန့်အရွယ် ကချင်နိုင်ငံရေးသမားနှင့် ရှေ့နေအဖြစ်မှ ၂၀၂၁ ဧပြီတွင် ယာယီသမ္မတ ဖြစ်လာသူ ဒူဝါလရှီးလသည် ဝန်ကြီးဌာန ၁၇ ခုဖြင့်ဖွဲ့စည်းထားသည့် NUG တွင် အဆင့်အမြင့်ဆုံး အကြီးအကဲဖြစ်သည်။ တော်လှန်ရေးသက်တမ်း လေးနှစ်နီးပါးကြားလာပြီးနောက် အဝေးရောက် ခေါင်းဆောင်များ မြေပြင်တွင် စုစည်းပြီး အင်အားတည်ဆောက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့လည်း […]