ylliX - Online Advertising Network

အမ်း – ပဒါန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရ – Myanmar Now

ရခိုင်ပြည်နယ်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ အမ်းမြို့သို့ စစ်ကူပို့ရာလမ်းကြောင်း ဖြစ်သော အမ်း – ပဒါန်းလမ်းပေါ်တွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ (နိုဝင်ဘာ ၂၅) တွင် ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ချင်းလက်နက်ကိုင်အဖွဲ့ တစ်ခုက ပြောသည်။  ထိုတပ်ဖွဲ့မှာ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးရွာအနီး၊ တောရဘုန်းကြီးကျောင်းတွင်  အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည်၊   မင်းဘူးဘက်မှ အမ်းမြို့သို့ စစ်ကူသွားမည့်ကားများအတွက်  လုံခြုံရေးယူပေးရန် ၁၀ ဦးစီ ၂ ဖွဲ့ခွဲ၍ ထွက်လာစဉ် ခွန်ဇူရွာလမ်းခွဲအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF Asho)  တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။  “ကျွန်တော်တို့ကလည်း သွားစောင့်တဲ့အချိန် သူတို့ကလည်း အဲ့ဒီကိုပဲ လုံခြုံရေးယူဖို့ လမ်းကြောကို လာရ […]

အမ်း – ပဒါန်းလမ်းတွင် တိုက်ပွဲဖြစ်၊ သေဆုံးသူများထဲတွင် အရပ်သား ၂ ဦး ပါဝင် – Myanmar Now

ရခိုင်ပြည်နယ်သို့ စစ်ကူပို့သည့် လမ်းကြောင်းဖြစ်သော မကွေးတိုင်း ၊ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ ကင်းစခန်းနှစ်ခု နိုဝင်ဘာ ၅ ရက်က တိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးကြောင်း သိရသည်။ နာရီဝက်နီးပါး ဖြစ်ပွားသည့် တိုက်ပွဲတွင် သေဆုံးသူတို့မှာ  ကုန်စိမ်းရောင်းသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးတို့ ဖြစ်သည်ဟု  လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA)  စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ဆိုသည်။ “သေဆုံးသွားတဲ့အထဲမှာ တစ်ယောက်ကတော့ ဒေသခံမဟုတ်ဘူး။ ကုန်စိမ်းရောင်းတဲ့အမျိုးသမီး တစ်ဦး လို့ သိထားရတယ်။  နောက်တစ်ယောက်ကတော့ အနီးအနားက ဒေသခံ ရွာသား တစ်ယောက် ဖြစ်တယ်။ သူက တိုက်ပွဲအပြီးမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ဖြတ်အသွားမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု […]