ylliX - Online Advertising Network

ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ – iMyanmarHouse.com

ယနေ့ကာလတွင် ပထမဆုံးနေအိမ်တစ်လုံး ပိုင်ဆိုင်လိုသူများမှာ မျိုးရိုးစဉ်ဆက် ချမ်းသာသူများမဟုတ်လျှင် (သို့မဟုတ်) ထီပေါက်ကာ ရုတ်တရက်ချမ်းသာလာခြင်းမျိုးမရှိလျှင် နှစ်ပေါင်းများစွာ ငွေစုဆောင်းကာ ဝယ်ယူကြရမည် ဖြစ်သည်။ နေအိမ်ပိုင်ဆိုင်ရေးအတွက် အခွင့်ထူးတစ်ခု ရှာဖွေနေသည်ဆိုပါက အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့ရှိ အိပ်ခန်း ၁ ခန်းပါ လူနေခန်းတစ်ခန်း ၁ ပေါင်မျှဖြင့် ရောင်းချရန် စီစဉ်နေသည်။ သို့သော် သတိပြုရမည့်အချက်ရှိနေသည်။ တတိယထပ်တွင် တည်ရှိသော အခန်းဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံမှုများ ကြီးမားစွာလုပ်ဆောင်ရန် လိုအပ်နေသော အခန်းဖြစ်သည်။ ပန်းရောင်ရေချိုးခန်းရှိ ရေစိမ်ကန်မှာလည်း မှိုစွဲနေသည်။ ယခင်က လျှပ်စစ်မီး၊ ရေပိုက်လိုင်းနှင့် ရေဆိုးထုတ်ပိုက်လိုင်းတို့ရှိခဲ့သော်လည်း ဈေးကွက်တင်ကြော်ငြာတွင် ဖော်ပြချက်အရ ထိုအရာများကို စစ်ဆေးကြည့်ရှုထားခြင်းမရှိကြောင်း ဖော်ပြထားသည်။ အခြေအနေအတိအကျဖော်ပြထားခြင်းမရှိရာ ဝယ်လက်အတွက် ကံကောင်းမည်ဟုသာ မျှော်လင့်ရသည်။ (ပြန်လည်ပြုပြင်မွမ်းမံမှု များစွာလိုအပ်သည်။ ဓာတ်ပုံ-Loveitts)   ပိုမိုအရေးတကြီး […]

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ – iMyanmarHouse.com

ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်ရှိ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာတွင် ပေါင် ၃၆၀၀၀ ဖြင့် လေလံပြီးဆုံးသွားခဲ့သည်။ အဆိုပါတွင်းမှာ စစ်အေးခေတ်က အနုမြူစစ်ပွဲကြီးဖြစ်ပါက ရှောင်ပုန်းရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော တွင်းကြီးဖြစ်ပြီး အတွင်းပိုင်းတွင် ရီနေးဆင်းဗိသုကာဟန်မွမ်းမံမှုများ တွေ့ရသည်။ ဗြိတိန်မှ ဒါဘီရှိုင်းယားခရိုင်ရှိ ကွင်းပြင်တစ်ခုထဲတွင် တည်ရှိပြီး ရည်ညွှန်းဈေးနှုန်းမှာ ပေါင် ၁၅၀၀၀ သာဖြစ်ရာ ဈေးနှုန်း ၂ ဆကျော်ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။ လေလံပွဲနေ့က ဗြိတိန်တဝန်းမှ လေလံဆွဲသူ တစ်ဒါဇင်ကျော် အပြိုင်အဆိုင် ဈေးပေးခဲ့ကြသည်။ ယခင်ပိုင်ရှင်တို့က အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြရာတွင် နံရံပြည့် ကတ္တီပါလိုက်ကာကြီးများ၊ မွှေးပွ ကော်ဇောကြီးများ၊ ရွှေပေါင်ကွပ်အလှဆင်ထားသော မှန်များ အပါအဝင်ဖြစ်သည်။ အိပ်ယာဘေးတွင် ထင်းသုံးမီးလင်းဖိုတစ်ခုရှိရာ တတိယကမ္ဘာစစ်ကြီးဖြစ်ကာ ဆောင်းကာလများတွင် ပုန်းခိုနေထိုင်ရမည်ဆိုပါက အပူဓာတ်ရရန် အသုံးပြုနိုင်မည် ဖြစ်သည်။ ရေချိုးခန်း […]

“ClickUp နဲ့ Notion ပြိုင် ဘယ်သူနိုင်” – AMC HACKS

Project Management ကို ပိုင်ပိုင်နိုင်နိုင် လုပ်ပေးနိုင်တဲ့ ClickUp နဲ့ Notion တို့ကို နှိုင်းယှဉ်ကြည့်လိုက်ရင် တူညီတဲ့အချက်တွေ များစွာရှိပါတယ်။ ဒီ application နှစ်ခုစလုံးက တစ်ဦးတစ်ယောက်ချင်းစီအတွက်ပဲ ဖြစ်စေ အဖွဲ့လိုက်အတွက်ပဲ ဖြစ်စေ productivity တက်စေဖို့ရာအတွက် ရည်ရွယ်ပါတယ်။ နှစ်ခုစလုံးက ပြောင်းလွယ်ပြင်လွယ်ပြီးတော့ ကိုယ့်ရဲ့ workflow နဲ့ ကိုက်ညီဖို့ရာအတွက်လည်း အလွယ်တကူပြုပြင်လို့ ရပါတယ်။ Notion ထက်စာရင် Clickup ကို ရွေးချယ်သင့်တဲ့အချက်တွေက – ClickUp ရဲ့ feature set တွေက Notion ထက် သိသိသာသာပိုမိုကျယ်ပြန့်ပြီးတော့ calendar၊ time tracking၊ screen recording နဲ့ စာတိုအမြန်ပို့ပေးတာတွေ ပါဝင်ပါတယ်။– Clickup က ကိုယ်ပိုင် […]

ပေါင် ၅၀၀ တန် ရာဘာဘွတ်ဖိနပ် ဝတ်ဆင်လာလို့ ဝေဖန်ခံနေရတဲ့ ယူကေစိုက်ပျိုးရေးဝန်ကြီး

အခွန်အခ ၊ ဓာတ်မြေဩဇာနှင့်အခြားစရိတ်စကများကြီးမြင့်မှုကြောင့် အခက်ကြုံနေသည့် ဗြိတိသျှ လယ်သမားများကို တွေ့ဆုံပွဲသို့ ယူကေစိုက်ပျိုးရေးဝန်ကြီး Steve Reid က ပေါင် ၅၀၀ ( သိန်း ၄၀ ခန့်တန်) Le Chameau ဒီဇိုင်နာ ဘရန်းဒက် ရာဘာဘွတ်ဖိနပ် ဝတ်ဆင်လာသဖြင့် ဝိုင်းဝန်းဝေဖန်ခံနေရကြောင်း သိရသည်။ Related Source link

အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ – iMyanmarHouse.com

[Unicode] အိမ်တစ်လုံးပိုင်ရန် အဆင့်ဆင့်ကြိုးစားရသည့်ခရီးမှာ ခက်ခဲနိုင်သည်။ သို့သော် အင်္ဂလန်တွင် လမ်းတစ်လမ်းလုံး၏ ၄ ပုံ ၁ ပုံကို ပေါင် ၃၆၀,၀၀၀ မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း တစ်ခု ပေါ်ပေါက်နေသည်။ လန်ဒန်မြို့တော်တွင် နေအိမ်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ ပေါင် ၆၉၂၈၃၂ ဖြစ်ရာ အိမ်တစ်လုံး ပိုင်ဆိုင်ရေးမှာ အလှမ်းမမှီသည့် ပန်းတစ်ပွင့်သဖွယ် ဖြစ်နေသည်။ သို့သော် လန်ဒန်၏ မြောက်ဘက် ဘုရားကျောင်းမြို့ဟု လူသိများသော Carlisle သို့သွားလျှင် နေအိမ် ၇ လုံးကို လန်ဒန်မှာ နေအိမ်တစ်လုံးဈေးအောက် ထက်ဝက်မျှဖြင့် ဝယ်ယူရရှိနိုင်သည်။ ဈေးကွက်တင်မှတ်တမ်းအရ အဆိုပါအိမ်များသည် ခေတ်မီအဆင့်မြှင့်မွမ်းမံရန် လိုအပ်သောအိမ်များဖြစ် သည်ဟု ဖော်ပြသည်။ အိမ်အိုဟောင်းများ ပြုပြင်မွမ်းမံရန် ဝါသနာကြီးသူများအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခု ဖြစ်သည်။ […]