ylliX - Online Advertising Network

မိဘအတွက် ဘွဲ့ယူပေးချင်တဲ့ အိပ်မက်ပျက်သွားပေမဲ့ ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။ “ညီမ မိဘအတွက် ဘွဲ့လေးယူပေးချင်တယ်ပေါ့နော် အဲဒီအိပ်မက်လေးတော့ပျက်သွားတယ်ပေါ့နော် ဒါပေမဲ့ ညီမ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပေါ်မှာတော့ ညီမ ဘယ်တော့မှ နောင်တမရပါဘူး ညီမအကောင်းဆုံး ဆက်လျှောက်သွားမှာပါ” ဟု စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် လွင်ဂူးက ပြောကြားထားသည်။ တော်လှန်ရေးအတွင်း ပါဝင်လာမှုအကြောင်းအရင်းများ၊ စစ်တပ်အာဏာသိမ်းလိုက်သည့်အတွက် ပျက်စီးသွားသော အိပ်မက်များ၊ တော်လှန်ရေးအတွင်း ကြုံတွေ့နေရမှုများစသည့် ရဲဘော်လွင်ဂူးပြောကြားထားသည့် ရုပ်သံအပြည့်အစုံကို ထပ်မံတင်ပါမည်။ Red News Agency Source link

ပုလဲမြို့သိမ်း တိုက်ပွဲမြင်ကွင်း

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲကို ဗိုလ်နဂါးဦးဆောင်သော BNRA၊ Southern Yesagyo (SYSO)၊ Generation Z Army (GZA) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ပြီး ၄၈ နာရီအတွင်းမြို့သိမ်းနိုင်ခဲ့သော်လည်း နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေး စတုတ္ထရက်မြောက် ညနေပိုင်းတွင် ဆုတ်ပေးခဲ့ရသည့် မြို့သိမ်းတိုက်ပွဲအတွင်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ထားသည်။ “တိုင်းရင်းသားလက်နက်ကိုင်များမပါသော မြေပြန်တိုက်ပွဲများအတွင်း ပုလဲမြို့သိမ်းတိုက်ပွဲသည် အကြီးဆုံးလို့ ပြောရမှာပါ။ အရင်ကတိုက်ပွဲတွေလိုက်ဖူးတယ် ဒီလောက်ဘယ်ကြီးမလဲ ပစ်ပြေးတယ်၊ စခန်းသိမ်းနိုင်တယ်ဆိုလည်း သိမ်းပြီးပြန်ဆုတ်ရတယ်။ အခုဟာက လေကြောင်းတိုက်ခိုက်မှုက တော်တော်ကြမ်းတာ၊ ပြီးတော့ ရက်ကြာတယ်လို့လဲ ပြောရတယ်။ ပုလဲမြို့နယ်ထဲမှာတော့ အကြီးဆုံးတိုက်ပွဲပါ” ဟု ပုလဲမြို့နယ်ဒေသတွင်းမှ ပြည်သူတဦးက ပြောပြထားသည်။ ပုလဲမြို့သိမ်းတိုက်ပွဲ ၄ ရက်အတွင်း […]

ရွှေစက်တော် ဘုရားရွာ တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ရွှေစက်တော်ဘုရားအနီးရှိ ဘုရားရွာတွင် တပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းနှင့် မဟာမိတ်ရဲဘော်များက နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။ “စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်ခြင်း၊ မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်းတို့ ငွေကြေးကောက်ခံကာခွင့်ပြုနေကြောင်း ပြည်သူလူထုက တိုင်ကြားလာသဖြင့် မိမိတပ်ရင်းက ယခုလို တိုက်ခိုက်ရှင်းလင်းရခြင်းဖြစ်သည်” ဟု မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားသည်။   ရွှေစက်တော် ဘုရားရွာတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ပထမအကြိမ် သေနတ်ပစ်ဖောက်စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားပါသဖြင့် ချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ)နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့လည်း […]

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၆နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် နွေဦးဖွံဖြိုးရေးဘဏ် (SDB) က ရှယ်ယာ များကို ဒုတိယအကြိမ် စတင်ရောင်းချနေပြီး လေးနာရီအတွင်း တိုကင်ဝယ်ယူမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော်ရှိကြောင်း SDB က နိုဝင်ဘာလ ၁၅ ရက်နေ့ က ကြေညာသည်။ မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉) ဌာနချုပ် တိုက်ခိုက်ခံရမှု၌ လေကြောင်းရန် ကာကွယ်ရေးစနစ် ပေါ့လျော့မှု​ဖြင့် လေကြောင်းအရာရှိ ၂ ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တာဝန်ခံ ဦးနောင်ချို၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြ ထားသည်။ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တစ်နှစ်ပြည့် […]

နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ ဒေါက်တာ မီမီဝင်းဘတ် ပြော

နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ အမေရိကန်ကာကွယ်ရေးတပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။   ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျာလန်အလော့မှာ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံမှုအတွင်း အဲဒီလိုပြောကြားခဲ့တာပါ။   “နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံပါဝင်ကြတဲ့အတွက် တော်လှန်ရေးဟာ အောင်မြင်မှာပါ။ ဘက်ပေါင်းစုံမတူညီတဲ့အလွှာကနေ ပူးပေါင်းဆောင်ရွက်တဲ့အတွက် အားရတယ်။ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း ကျရာကဏ္ဍက တက်ကြွစွာပါဝင်တဲ့အတွက် နွေဦးတော်လှန်ရေးပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာရှိနေပြီ” လို့ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။ မြန်မာနိုင်ငံသား ၃၀၀ ခန့် တက်ရောက်ခဲ့တဲ့ ဒီတွေ့ဆုံပွဲကို မလေးရှားရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။   ဒါ့အပြင် မလေးရှားနိုင်ငံအခြေစိုက် […]

“နတ်မိကျောင်း စစ်ဆင်ရေး” အတွင်း စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တောင်ပိုင်း အခြေစိုက် Southern YSO PDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းထားသော “နတ်မိကျောင်း စစ်ဆင်ရေး”အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီလက်အောက်ခံ (၉၇) ဦးသေဆုံးခဲ့သည်ဟု စသဖြင့် Southern YSO PDF ခေါင်းဆောင် ကိုအောင်မောင်းက ပြောကြားထားသည်။ #RedNewsAgency #REDNEWS #RNA #AhNyar Source link

သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ […]