ylliX - Online Advertising Network

သုံးပတ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချို ဒေသခံ (၁၇) ဦးသေဆုံး – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]

နောင်ချိုနဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ သေဆုံး

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။   ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။   အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ […]

တောင်းခမ်း စစ်ရေးအထူးတင်းမာ၊ ပြင်ဦးလွင်မြို့အဝင် စစ်ကောင်စီ တင်းကြပ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်များ စစ်ရေး အထူးတင်းမာနေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ အဝင်ကို တင်းကြပ်လိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ TNLA သိမ်းပိုက်ထားသည့် နောင်ချိုမြို့မှ ၁၅ မိုင် အကွာအဝေးတွင် ရှိသည့် စစ်ကောင်စီ အမြောက်တပ်များ တည်ရှိရာ တောင်းခမ်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခု နောက်ဆုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနိုင်သဖြင့် ဒေသခံများ တိမ်းရှောင်သွားပြီဟု သတင်းရင်းမြစ်က ဆိုသည်။ “သီပေါက တပ်တွေ ကျပြီးတဲ့နောက် တောင်းခမ်းဘက် လှည့်မယ်ဆိုတာ စစ်ကောင်စီကလည်း သိတယ်။ သူတို့လည်း ပြင်ဦးလွင်ဘက်ကကော၊ ရပ်စောက်ဘက်ကကော ရသမျှ အင်အား ဖြည့်နေတာပဲ။ လေကြောင်းကနေလည်း ဗုံးကြဲတယ်၊ လက်နက် ရိက္ခာ […]