ylliX - Online Advertising Network

ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ။ (နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ)

(၁)“တရုတ်-စစ်ကောင်စီတို့ရဲ့ ကိုကြီး-ညီလေး ဆက်ဆံရေး” (၂)“တရုတ် အာဏာစက်ပြခံရတဲ့ ‘ဝ’ နဲ့ ကိုးကန့်” (၃)“KIA ရဲ့ မြို့သိမ်းအမှတ်စဉ်ထဲဝင်သွားတဲ့ ကန်ပိုက်တီ” (၄) “စံချိန်တင် ငွေသုံးမယ့် စစ်ကောင်စီ” (၅) “တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦးအထိ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလေတပ်” (၆)“စစ်ကောင်စီဩဇာခံမီဒီယာကောင်စီသစ်” စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link

“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ)

“ကြာကြာမပျော်လိုက်ရတဲ့ ရွှေဈေး”   ဒီတစ်ပတ် အစပိုင်းရက်တွေထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၆၀ အောက်ထိ ကျဆင်းခဲ့ပေမဲ့ နောက်ပိုင်းရက်တွေမှာတော့ ဆက်တိုက်ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အပျော် ကြာကြာမခံလိုက်ပါဘူး။   ပြီးခဲ့တဲ့အပတ်ထဲ တောက်လျှောက်ကျဆင်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတစ်ပတ်အဖွင့်ရက် နိုဝင်ဘာ ၁၈ ရက် တနင်္လာနေ့မှာလည်း အကျဈေးနဲ့ဖွင့်လှစ်လာခဲ့ပြီး တစ်ကျပ်သား ကျပ်သိန်း ၆၀ လောက်နဲ့ဈေးပိတ်ခဲ့ပါတယ်။   ဒါပေမဲ့ နောက်တစ်နေ့ အင်္ဂါနေ့မှာပဲ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက်အထိ ပြန်လည်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ နောက်တစ်နေ့မှာလည်း အမြင့်ဈေးနဲ့ဖွင့်ပေမဲ့ ညနေပိုင်းမှာ အနည်းငယ်ပြန်လည်ကျဆင်းသွားပါတယ်။   အဲဒီနောက် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး စနေနေ့မှာ ဒီတစ်ပတ် အမြင့်ဆုံးဈေးဖြစ်တဲ့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၃ […]

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပက်ထရစ် ဗီအဲရာအား ဂျီနိုအာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက နိုဝင်ဘာ ၂၀ ရက်၌ အတည်ပြုကြေညာခဲ့သည်။ဂျီနိုအာအသင်းသည် ယခုနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ရုန်းကန်ခဲ့ရပြီး ယခင်နည်းပြ အယ်လ်ဘတ်တို ဂျီလာဒီနိုလက်အောက်တွင် ၁၂ ပွဲ ကစားပြီးချိန်၌ ၁၀ မှတ်သာ ရရှိထားကာ တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာသို့ ရောက်ရှိနေသောကြောင့် အသင်းအနေဖြင့် ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်း ကစားသမားဟောင်း ဂျီလာဒီနိုနှင့် လမ်းခွဲလိုက်ခြင်းဖြစ်သည်။…..— တရုတ်နိုင်ငံ၏ ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဘော်လီဘော ပြိုင်ပွဲများ ပါဝင်သည့် လူငယ်အားကစားပြိုင်ပွဲ ဖွင့်လှစ်ကျင်းပဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော (‌တရုတ်ဘာသာစကားတွင် ‘big ball game’ […]

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

-သမ္မတရှီက ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူကျန့်ထိပ်သီးအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့-ယူကရိန်းက အနောက်နိုင်ငံထုတ် ဒုံးကျည်များအား အသုံးပြုမည်ဆိုပါက နျူကလီးယား တုံ့ပြန်မှု ဖြစ်နိုင်ဟု ရုရှား သတိပေး-သမ္မတရှီက ဘရာဇီးသို့ နိုင်ငံတော်ခရီးစဉ်အနေဖြင့် ဘရာစီးလီးယားမြို့သို့ ရောက်ရှိ-ခရိုအေးရှားနိုင်ငံက သမ္မတရွေးကောက်ပွဲ ဒီဇင်ဘာ ၂၉ ရက်တွင် ကျင်းပမည်– ဥရောပသမဂ္ဂနှင့် ကွဲလွဲမှုများအား ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရေး တရုတ်နိုင်ငံက တောင်းဆိုဟု ရှီ ပြောကြား-တရုတ်နိုင်ငံက အာဂျင်တီးနားနိုင်ငံနှင့် ဘဏ္ဍာရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ရှီ ပြောကြား-တရုတ်နိုင်ငံ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုအဆင့် ဆက်လက်တိုးတက်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြ-တရုတ်မော်တော်ကားအမှတ်တံဆိပ် Exeed က အီဂျစ်နိုင်ငံ၌ SUV မော်ဒယ် ၂ မျိုးအား မိတ်ဆက်-ရုရှားနိုင်ငံနှင့် ပဋိပက္ခတွင် NATO ၏ ပတ်သက်မှုက အလွန်အန္တရာယ်များကြောင်း […]

ထိုင်းဘတ်‌‌ဈေး တက်ရိပ်ပြ ၊ ၁၆၈ ရက်မြောက် ရွှေဈေးမဖွင့် (နိုဝင်ဘာ ၁၉) – Dawei Watch

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၆၈ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်‌နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၁၅၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ငွေလဲနှုန်းမှာ တက်ရိပ်ပြလာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၉၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ Source link

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ ဘင်္ဂလားပင်လယ်အော်တွင် ယခုရက်ပိုင်းအတွင်း မုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံဒေသအချို့ မိုးရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့ သတင်းထုတ်ပြန်သည်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသည့် စစ်အု​ပ်စုအဖွဲ့မှ စစ်ကောင်စီ တပ်သားသစ်နှစ်ဦး ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။  စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်တွင် ဖြတ်သန်းသွားလာနေကြသည့် ခရီးသွားပြည်သူများ နှင့် မြို့နယ်တွင်း ကုန်စည်စီးဆင်းမှု လွတ်ကူရန်အတွက် လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီဖွဲ့စည်း ကာ ပြုပြင်ပေးနေကြောင်း ဒီပဲယင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ တော်လှန်ရေး လှုပ်ရှားမှုများ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဥ်မှ ပြန်ရောက်လာပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက […]

ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ)

ဒီတစ်ပတ် (နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ)အတွင်း တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူ တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်ခဲ့ပါတယ်။ ကထိန်ရာသီဖြစ်တာကြောင့် အလှူခံမဏ္ဍပ်တွေကဖွင့်တဲ့ ဆောင်းဘောက်နဲ့ လော်စပီကာအသံတွေနဲ့ ပဒေသာပင်လှည့်တဲ့ ကားပေါ်က အသံကျယ်ကျယ်တွေကြောင့် ဒေသခံတွေ အတိဒုက္ခတွေ့ခဲ့ကြရတာတွေ အပြောများခဲ့ကြပါတယ်။ သတင်းတွေဘက်မှာဆိုရင် ထူးထူးခြားခြားနဲ့ အမှတ်ရစရာအနေနဲ့ ရခိုင်ပြည်က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ တစ်နှစ်ပြည့်သွားပါတယ်။ နောက်ပြီး လူငယ်ယောကျ်ားလေးချင်း ချစ်နှစ်သက်တဲ့အကြောင်းရေးတဲ့ ဝတ္ထုထုတ်ဝေသူတွေ စစ်ကောင်စီရဲ့ အရေးယူခံရမယ့်သတင်း၊ ကြက်ပျံမကျ စည်ကားနေတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသတင်းတွေ၊ အညာဒေသ ပုလဲမြို့နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ရှမ်းမြောက် တအာင်းဒေသ ဗုံးကြဲခံရလို့ ဒေသခံတွေ အထိနာရတဲ့သတင်းတွေနဲ့အတူ အထူးခြားဆုံးသတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။   “မြို့ ၁၂ ခုသိမ်းပြီး တစ်နှစ်ပြည့်သွားတဲ့ AA”   ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)ရဲ့ […]

၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲတွင် စပိန်နှင့် ပေါ်တူဂီ ကွာတားဖိုင်နယ် တက်ရောက်ရန် သေချာသွားပြီဖြစ် — နိုဝင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်နှင့် ဒိန်းမတ်အသင်းတို့၏ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် အုပ်စု- A4 ပွဲစဉ်တွင် စပိန်က ဒိန်းမတ်အား အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ခွင့် ရရှိသွားပြီဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မာတင် ဇူဘီမန်ဒီနှင့် မစ်ကယ် မယ်ရီနိုတို့၏ စပိန်ကွင်းလယ်က ပွဲချိန်အများစု၌ ထိန်းချုပ်စိုးမိုးထားခဲ့သည်။ အုပ်စု A-1 ပွဲစဉ်တစ်ပွဲဖြစ်သည့် ပေါ်တူဂီနှင့် ပိုလန် အသင်းတို့၏ ပွဲစဉ်တွင် ပေါ်တူဂီက အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပိုလန်တိုက်စစ်မှူး ရောဘတ် […]

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၂ နိုဝင်ဘာ ၂၀၂၄) – BUR.MIZZIMA.COM

အမျိုးသားညီညွတ်ရေး အစိုးရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မည့် မြေပြန့်မဟာဗျူဟာ ထိုးစစ်ထိရောက် နိုင် ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ရန် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်” တွင် ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်း အားလုံးအတွက် ထောက်ပံ့မှု တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကုန်ကျနေသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို […]

ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ။ (နိုဝင်ဘာ ၄ ကနေ ၉ ရက်နေ့အထိ)

(၁)“စစ်ခေါင်းဆောင် တရုတ်ပြည်သွား တောလား”(၂)“မြန်မာ့သင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်”‌(၃)“ရခိုင်မှာ နောက်ဆုံး ကပ်, အငတ်ဘေး မကြာမီ ကြုံရနိုင်”(၄)“AA ရဲ့ Target သစ် တောင်ကုတ်”(၅)“KIA ကြောင့် ကချင်လူထု အသက်ရှုချောင်သွားပေမဲ့ ကမ္ဘာမှာ ဈေးတက်သွားတဲ့ မြေရှား”(၆)“NLD ဝန်ကြီးဌာနနှစ်ခုရဲ့ ဝန်ကြီး ကွယ်လွန်”စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link