၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နစက ဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားသည်။ ထို့ပြင် နစက ဥက္ကဋ္ဌနှင့် […]
မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးတွင် လက်ရှိဥက္ကဋ္ဌ ဖြစ်သည့် လာအိုဝန်ကြီးချုပ်က အလှည့်ကျ ဥက္ကဋ္ဌ တာ၀န်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီ – ကျောက်ဖရား -မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီး အစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် တို့အား သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet နှင့်အဖွဲ့ဝင်များအား Green Lake ဟိုတယ်၌ လည်းကောင်း၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone နှင့် အဖွဲ့ဝင်များအား HUALUXE Kunming ဟိုတယ်၌ လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု […]
တရုတ်နိုင်ငံတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးများတက်ရောက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၏ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်။ ခရီးစဉ်အတွင်း၌ နစက ဥက္ကဋ္ဌသည် ထိပ်သီးအစည်းအဝေးများတက်ရောက်ခြင်း၊ တရုတ်နိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံအစိုးရ၏ ဖိတ် ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ […]
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း နိုဝင်ဘာ (၆) ရက်မှ (၇) ရက်အထိ ကူမင်းမှာ ပြုလုပ်မည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှိသည်ဟုလည်း နစကထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – မြန်မာ – လာအို – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မည် ဖြစ်သည်။ ထိုနည်းတူ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ […]
Credit to Popular Journal – လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသည့်အစိုးရကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည်အရေးကြီးသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အောက်တိုဘာ ၁၄ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်းအစိုးရအဖွဲ့မှတာဝန်ရှိသူများအားတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တိုင်းနှင့်ပြည်နယ်အလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည်အရေးကြီးကာ နယ်မြေလုံခြုံရေး၌ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိသဖြင့် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်မှသာ လုံခြုံရေးပိုမိုခိုင်မာအားကောင်းနိုင်မည်ဟု ပြောသည်။ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာ ပူးပေါင်ဆောင်ရွက်ပါက လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုများကို တားဆီးလျော့ကျစေနိုင်မည်၍ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရမည်ဟု မှာကြားသည်။ ထို့ပြင် နယ်မြေလုံခြုံရေးအတွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင်ရွက်မှုများပြုလုပ်ရမည်ဖြစ်ကာ လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအသိအမြင်များ အမြဲမပြတ်ရှိနေရန်လိုအပ်သည်ဟု ပြောသည်။ အကြမ်းဖက်သမားများ ရပ်ကွက်/ကျေးရွာများအတွင်း စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူနှင့်အတူပူးပေါင်း၍ […]