ylliX - Online Advertising Network

နောင်ချိုမြို့နယ် ဗုံးကြဲခံရစဉ် စစ်သုံ့ပန်းများအပါအဝင် ၁၂ ဦး သေဆုံး – Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်သုံ့ပန်းများ ထားသော နေရာတစ်ခုကို ယမန်နေ့ (အောက် တိုဘာ ၂၈) ညတွင် လေတပ် ဗုံးကြဲခဲ့၍  သုံ့ပန်းအများအပြား အပါအဝင် ၁၂ ဦး သေဆုံးပြီး၊  ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။   သေဆုံးသူ စစ်သုံ့ပန်း ၈ ဦးတွင် အညာဒေသ၌ ဘီလူးစစ်ကြောင်းအမည်ဖြင့် သတ်ဖြတ် ရမ်းကားခဲ့သည့် ရန်ကုန်မြို့၊ တိုက်ကြီးမြို့အခြေစိုက်  အမှတ် (၇၀၈) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးထွန်းနိုင်နှင့် လက်နက်ကိုင်များ ပါဝင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က  ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်သည်။ ညနေ ၆ နာရီခွဲခန့်က စစ်သုံ့ပန်းများရှိသည့် အချုပ်ဆောင် ၂ ကြိမ် ဗုံးကြဲခံရသည်ဟု သိရသလို  တအာင်းလွတ်မြောက်ရေးတပ်မတော် […]