(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၂၄ UWSA နဲ့ ထိုင်းနယ်စပ် အငြင်းပွားမှုနဲ့ အဖြေဘယ်လိုရှာမလဲ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ စစ်မက်မဖြစ်ပွားတဲ့ ပုံမှန်ကာလတွေလို မဟုတ်ဘဲ နေ့စဥ် သတင်းအဖြစ်အပျက်တွေက များပြားလွန်းလှတယ်လို့ ဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ စစ်အာဏာရှင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်ခံရမှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေပေမယ့်လည်း တဦးတလေ ဖမ်းဆီးခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာမျိုး မဟုတ်ဘဲ ဆယ်ဂဏန်းနဲ့ချီ ဖမ်းဆီးခံရတာမျိုး ညှဉ်းဆဲသတ်ဖြတ်ခံရတာမျိုးတွေက သတင်းအဖြစ် ဖော်ပြကြရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။ တိုက်ပွဲဖြစ်ပွားတာက သတင်းလို့ တထစ်ချ ပြောဖို့ ခက်ခဲလာပြီး ဘယ်လို ဒေသမှာ ဖြစ်ပွားတာလဲ၊ ဘယ်လောက်ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ဖြစ်တာလဲ၊ သက်ရောက်မှု ဘယ်လောက်ကြီးမားလဲ […]
Skip to content Elon Musk က နောက် ၂ နှစ်အတွင်း လူမပါတဲ့ Starship ဒုံးပျံနဲ့ အင်္ဂါဂြိုလ်ကို သွားနိုင်မယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူက အဲဒီ စီမံကိန်းနဲ့ Tesla Cybertruck နဲ့ Optimus စက်ရုပ်ကို အင်္ဂါဂြိုလ်ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။ Musk ဟာ Starship ဒုံးပျံကို ၆ ကြိမ်မြောက် စမ်းသပ်လွှတ်တင်ပြီးနောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူက Starship ရဲ့ အကြီးမားဆုံး နည်းပညာ စိန်ခေါ်မှုက အပြည့်အဝ ပြန်လည် အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ နောက်ထပ် ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။ Musk က နောက် ၂ […]
“ဝ” လက်နက်ကိုင် UWSA နဲ့ ထိုင်းစစ်တပ် နယ်စပ်ပိုင်ဆိုင်မှုအငြင်းပွားရာက စစ်ရေးတင်းမာနေ – Myanmar Transparency News Source link
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄ ရွေးကောက်ပွဲ နဲ့ ပြည်တွင်းစစ် ကမ္ဘာ့နေရာ အချို့မှာလည်း ဒေသတွင်းစစ်ပွဲတွေက တဆင့် ကမ္ဘာစစ် ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ စစ်ပွဲဖြစ်လာရင် ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အစီအစဥ်တွေ ကြိုတင်ပြင်ဆင်နေကြတဲ့အထိ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက် ကမ္ဘာစစ်နုတ်ခမ်းကို ပထမဆုံးအကြိမ် လျှောက်လှမ်းနေကြတဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ လက်နက်တွေ စစ်သည်တွေ ရွှေ့ပြောင်းနေရာချတာမျိုး အဆင့်မဟုတ်ပေမယ့် ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စဥ်းစားမှု၊ ဖြစ်လာခဲ့ရင် ဘယ်လို အစီအစဥ်တွေ ချမှတ်ကြမလဲဆိုတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးချမှတ်တဲ့ နိုင်ငံတွေ အနောက်ဥရောပမှာ ရှိလာနေတာ ကြားနေရတာ ဖြစ်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲက ဥရောပကို စစ်မီးတောက် ပျံ့နှံ့စေမလား ၊ နောက် စစ်မီးပြန့်နှံ့နိုင်စေတဲ့ နေရာတနေရာဖြစ်တဲ့ အရှေ့အလယ်ပိုင်း […]
Skip to content Asus က အမိုက်စား စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ ROG Phone 9 Series ကို ကြေညာလိုက်ပြီး ROG Phone 9 နဲ့ ROG Phone 9 Pro တို့ ပါလာပါတယ်။ ဒီဖုန်းတွေမှာ Display က 6.78” Full HD+ AMOLED HDR LTPO ကို သုံးထားပြီး 165Hz Refresh Rate နဲ့ 2500 ပါလာပါတယ်။ Display ကို အကြမ်းခံတဲ့ Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ်စွမ်းရည်မြင့် […]
KBA က ဂုဏ်ထူးဆောင် 9-dan အမြင့်ဆုံး ဂို့ကစားသမားဆု အချီးမြှင့် ခံရတဲ့ (Google ရဲ့) Alpha Go – AI စက်ရုပ်ဟာ ၂၀၁၆ ခုနှစ်တုန်းက လူနဲ့ စက် သမိုင်းဝင် ဂို့ ကစားနည်း ပြိုင်ပွဲမှာ တောင်ကိုရီးယားက ဂို့-ချန်ပီယံ Lee Sedol ကို အနိုင်ရခဲ့တယ်လို့ AI သုတေသနပညာရှင် ဒေါက်တာရဲကျော်သူ က ပြောပါတယ်။ Source link
မြန်မာနွေဦး ခရိုနီကယ် – နိုဝင်ဘာ ၁၄ မြင်ကွင်း(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄ စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ သိမ်းတိုက်ပွဲ၊ လက်နက်ကိုင် အဖွဲ့တွေအကြားညီညွတ်ရေး နဲ့ နိုင်ငံရေး စုစည်းမှု မြန်မာနိုင်ငံမြေပုံမှာ ကျယ်ပြန့်တဲ့ နယ်မြေ၊ မြို့နယ် အရေအတွက် ၃၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းက ပုလဲမြို့ကို ပုလဲမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ BNRA လက်နက်ကိုင်တပ်က ဦးဆောင်ပြီး အခြားသော ကာကွယ်ရေး တပ်အချို့တို့ပူးပေါင်းတိုက်ခိုက်ရာမှာ ၄ ရက်မြောက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ အခု စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ပုလဲမြို့ကို သိမ်းယူဖို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Bamar National Revolutionary Army လက်နက်ကိုင် အဖွဲ့ကို […]
ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဒုချုပ်စိုးဝင်း NUG နဲ့ ဆွေးနွေးနေ။ မင်းအောင်လှိုင် တရုတ်သွားနေချိန် NUG နဲ့ အပြန်အလှန် ဆွေးနွေးနေ။ မင်းအောင်လှိုင် သစ္စာဖောက်ခံရပြီဟု တပ်တွင်း သတင်းထွက်နေ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် ဒုတပ်ချုပ် စိုးဝင်း NUG နဲ့ ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom […]
လွန်ခဲ့တဲ့ ၇၇ နှစ်တုန်းက အဲလိစဘတ်(၂)ဘုရင်မနဲ့ မင်းသားဖီးလစ်တို့ရဲ့ မင်္ဂလာပွဲမှာ ကျွေးမွေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ်ဟာ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။ (ထိုစဉ်က) မင်းသမီး အဲလိစဘတ်ရဲ့အမှတ်အသားပါ ဘူးနဲ့ ထည့်ထားပြီး ပုံနှိပ်ထားတဲ့စာတစ်စောင်လည်း ပါပါတယ်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲမှာ တည်ခင်းဖို့ အလေးချိန် ပေါင် ၅၀၀ ရှိတဲ့ ကိတ်မုန့်ကြီး ဖုတ်ခဲ့တာဖြစ်ပြီး အခုလေလံတင်ခဲ့တဲ့ ကိတ်မုန့်ကတော့ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့မှာရှိတဲ့ ဟိုလီရုဒ်အိမ်တော်ထိန်း မာရီယွန်ပိုလ်ဆန်ကို ပေးခဲ့တဲ့ ကိတ်မုန့်တစ်စိတ် ဖြစ်ပါတယ်။ ရီမန်းဒန်ဆီလေလံကုမ္ပဏီရဲ့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၁ ဒေါ်လာနဲ့ လေလံအောင်ခဲ့တာပါ။ Ref: 77-year-old slice of Queen Elizabeth […]
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၄ ပြည်တွင်းစစ်၊ ပိတ်ဆို့မှု နဲ့ အငတ်ဘေး ပြည်တွင်းစစ် ဖြစ်ပွားလာတာ ၃ နှစ်နီးပါးရောက်ရှိလာသလို ယခု ၂၀၂၄ ခုနှစ်ထဲမှာ စစ်ပွဲရဲ့ အရှိန်အဟုန် ဖြစ်ပွားတဲ့နေရာ အကျယ်အဝန်း၊ လူထိခိုက်မှု အရေအတွက်၊ မြို့တွေက နေအိမ် အဆောက်အဦ ပျက်စီးမှုတွေက လက်ရှိ အချိန်အထိ အမြင့်ဆုံး အဆင့်ကိုရောက်လာနေတယ်လို့ ဆိုနိုင်ပါတယ်။ သေဆုံးမှုတွေ မှာ ၁၀ ဂဏန်းအောက်ရှိတဲ့ အရေအတွက်တွေက သတင်းမဖြစ်ဘူးလို့ ဆိုရလောက်အောင် ဂရုပြုစရာ ကိန်းဂဏန်းတွေ မဟုတ်ကြတော့ပါဘူး။ အရပ်သား သေဆုံးမှု၊ ဖမ်းဆီးခံရမှု၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခြင်း၊ တိုက်ပွဲအတွင်း သေဆုံးတဲ့ အရေအတွက်၊ မြို့ရွာ ပျက်စီးဆုံးရှုံးခြင်း စတဲ့ အရာတွေက နိုင်ငံရဲ့ နေရာအတော်များများမှာ နေ့စဥ်ဖြစ်နေကျ […]