(၁)“တရုတ်-စစ်ကောင်စီတို့ရဲ့ ကိုကြီး-ညီလေး ဆက်ဆံရေး” (၂)“တရုတ် အာဏာစက်ပြခံရတဲ့ ‘ဝ’ နဲ့ ကိုးကန့်” (၃)“KIA ရဲ့ မြို့သိမ်းအမှတ်စဉ်ထဲဝင်သွားတဲ့ ကန်ပိုက်တီ” (၄) “စံချိန်တင် ငွေသုံးမယ့် စစ်ကောင်စီ” (၅) “တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦးအထိ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီလေတပ်” (၆)“စစ်ကောင်စီဩဇာခံမီဒီယာကောင်စီသစ်” စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
“သုံးပတ်ဆက် ကျဆင်းတဲ့ စက်သုံးဆီဈေး” နိုဝင်ဘာ ပထမပတ်အတွင်း ဒီဇယ်ဈေးတွေ တက်ခဲ့တာရှိပေမဲ့ ကျန်နှစ်ပတ်လုံး ဆက်တိုက်ကျဆင်းပါတယ်။ အောက်တိန်းဆီဈေးနှုန်းတွေကတော့ သုံးပတ်ဆက်ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းပေးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် အရင်ပတ်ကလို သောကြာနေ့မှာပဲ အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၅၀ နဲ့ ၅၅ ကျပ်စီ ထပ်မံကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၄၅ ကျပ်နဲ့ ၅၅ ကျပ်စီ အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့ […]
“ကြာကြာမပျော်လိုက်ရတဲ့ ရွှေဈေး” ဒီတစ်ပတ် အစပိုင်းရက်တွေထဲ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၆၀ အောက်ထိ ကျဆင်းခဲ့ပေမဲ့ နောက်ပိုင်းရက်တွေမှာတော့ ဆက်တိုက်ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့အပျော် ကြာကြာမခံလိုက်ပါဘူး။ ပြီးခဲ့တဲ့အပတ်ထဲ တောက်လျှောက်ကျဆင်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီတစ်ပတ်အဖွင့်ရက် နိုဝင်ဘာ ၁၈ ရက် တနင်္လာနေ့မှာလည်း အကျဈေးနဲ့ဖွင့်လှစ်လာခဲ့ပြီး တစ်ကျပ်သား ကျပ်သိန်း ၆၀ လောက်နဲ့ဈေးပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်နေ့ အင်္ဂါနေ့မှာပဲ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက်အထိ ပြန်လည်မြင့်တက်ခဲ့တာတွေ့ရပါတယ်။ နောက်တစ်နေ့မှာလည်း အမြင့်ဈေးနဲ့ဖွင့်ပေမဲ့ ညနေပိုင်းမှာ အနည်းငယ်ပြန်လည်ကျဆင်းသွားပါတယ်။ အဲဒီနောက် ကြာသပတေးနဲ့ သောကြာနေ့တွေမှာ တဖြည်းဖြည်းမြင့်တက်ခဲ့ပြီး စနေနေ့မှာ ဒီတစ်ပတ် အမြင့်ဆုံးဈေးဖြစ်တဲ့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၃ […]
ဒီတစ်ပတ် (နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ)အတွင်း တန်ဆောင်မုန်းလပြည့်နေ့နဲ့အတူ တန်ဆောင်တိုင်ပွဲတော်ကာလဖြစ်ခဲ့ပါတယ်။ ကထိန်ရာသီဖြစ်တာကြောင့် အလှူခံမဏ္ဍပ်တွေကဖွင့်တဲ့ ဆောင်းဘောက်နဲ့ လော်စပီကာအသံတွေနဲ့ ပဒေသာပင်လှည့်တဲ့ ကားပေါ်က အသံကျယ်ကျယ်တွေကြောင့် ဒေသခံတွေ အတိဒုက္ခတွေ့ခဲ့ကြရတာတွေ အပြောများခဲ့ကြပါတယ်။ သတင်းတွေဘက်မှာဆိုရင် ထူးထူးခြားခြားနဲ့ အမှတ်ရစရာအနေနဲ့ ရခိုင်ပြည်က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ တစ်နှစ်ပြည့်သွားပါတယ်။ နောက်ပြီး လူငယ်ယောကျ်ားလေးချင်း ချစ်နှစ်သက်တဲ့အကြောင်းရေးတဲ့ ဝတ္ထုထုတ်ဝေသူတွေ စစ်ကောင်စီရဲ့ အရေးယူခံရမယ့်သတင်း၊ ကြက်ပျံမကျ စည်ကားနေတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲသတင်းတွေ၊ အညာဒေသ ပုလဲမြို့နယ်အတွင်းက တိုက်ပွဲသတင်းတွေနဲ့ ရှမ်းမြောက် တအာင်းဒေသ ဗုံးကြဲခံရလို့ ဒေသခံတွေ အထိနာရတဲ့သတင်းတွေနဲ့အတူ အထူးခြားဆုံးသတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ “မြို့ ၁၂ ခုသိမ်းပြီး တစ်နှစ်ပြည့်သွားတဲ့ AA” ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)ရဲ့ […]
(၁)“စစ်ခေါင်းဆောင် တရုတ်ပြည်သွား တောလား”(၂)“မြန်မာ့သင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်”(၃)“ရခိုင်မှာ နောက်ဆုံး ကပ်, အငတ်ဘေး မကြာမီ ကြုံရနိုင်”(၄)“AA ရဲ့ Target သစ် တောင်ကုတ်”(၅)“KIA ကြောင့် ကချင်လူထု အသက်ရှုချောင်သွားပေမဲ့ ကမ္ဘာမှာ ဈေးတက်သွားတဲ့ မြေရှား”(၆)“NLD ဝန်ကြီးဌာနနှစ်ခုရဲ့ ဝန်ကြီး ကွယ်လွန်”စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကိုဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
“အောက်တိန်း ကျပြီး ဒီဇယ် တက်တဲ့ စက်သုံးဆီ” ဒီတစ်ပတ်စက်သုံးဆီဈေးနှုန်းတွေကတော့ ထူးခြားတယ်လို့ ပြောရပါမယ်။ နှစ်ပတ်ဆက် ငြိမ်သက်နေခဲ့ရာကနေ အောက်တိန်းဈေးတွေ ကျပြီး ဒီဇယ်ဈေးတွေ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကနေ သွင်းကုန်လုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့အပတ်က တရုတ်ယွမ် ငါးသန်းနဲ့ ထိုင်းဘတ် ၂၅ သန်း ရောင်းချပေးခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့မှာ တရုတ်ယွမ် ခုနစ်သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ အထိရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇယ်အမျိုးအစားတွေဖြစ်တဲ့ ရိုးရိုးဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ အောက်တိန်းအမျိုးအစားတွေဖြစ်တဲ့ အောက်တိန်း 92 တစ်လီတာကို […]
ဒီတစ်ပတ် (နိုဝင်ဘာ ၄ ကနေ ၉ ရက်နေ့အထိ) အတွင်း စစ်ခေါင်းဆောင် တရုတ်ရောက်နေခဲ့ပါတယ်။ စစ်ကောင်စီတင်တဲ့ မြန်မာ့အတာသင်္ကြန် ယူနက်စကို ဆန်ခါတင်စာရင်းဝင်သွားပါတယ်။ တော်လှန်ရေးတိုက်ပွဲသတင်းတွေဘက်မှာတော့ ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော် AA တပ်တွေ အောင်ပွဲအလီလီ ဆက်ရနေပါတယ်။ တဖန် ကချင်က မြေရှားထွက်ဒေသတွေကို KIA/PDF သိမ်းလိုက်နိုင်လို့ ကမ္ဘာမှာ မြေရှားဈေးဆက်တက်လာတဲ့ သတင်းတွေကလည်း ထူးပါတယ်။ NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် မန္တလေးဆေးရုံကြီးမှာ ကွယ်လွယ်သွားတဲ့သတင်းတွေအပါအဝင် တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို အနှစ်ချုပ်ဖော်ပြထားပါတယ်။ “စစ်ခေါင်းဆောင် တရုတ်ပြည်သွား တောလား” ၂၀၂၁ အာဏာသိမ်းအပြီး လေးနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ပြည်ကို ဒီတစ်ပတ်ထဲမှာ ပထမဆုံး သွားခဲ့ပါတယ်။ အဲဒီကို […]
(၁)“စစ်ခေါင်းဆောင်တွေ လူရှေ့သိပ်မထွက်ခဲ့တဲ့ ရက်သတ္တပတ်”(၂)“တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး”(၃)“ဒုတိယမြောက်သိမ်းခံရတော့မယ့် စစ်ဋ္ဌာနချုပ် အမ်းနပခ”(၄)“အညာကို ရွှေ့တဲ့ BPLA”(၅)“ပွဲရှာရင်း ပွဲခံသွားရပ်တဲ့ မြန်မာအလှမယ်”(၆)“ဇာတ်တူသားလည်း မရှောင်တဲ့ စစ်ကောင်စီ” Source link
(၁) “ဒီတစ်ပတ် စစ်ခေါင်းဆောင်တွေ ဘယ်တွေသွားပြီး ဘာတွေပြောခဲ့ကြသလဲ” (၂)“မသူတော်အချင်းချင်း သတင်းလွေ့ကြတဲ့ ရုရှား-မြန်မာ” (၃)“ရင်နင့်ဖွယ် ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု” (၄) “မချစ်လို့ ပစ်တဲ့ ဝက်လက် PDF ထောင်ဆယ်နှစ်ချခံရ” (၅)“အတွင်းတိုက်ပွဲ” (၆)“အောင်ပွဲတွေနဲ့ ၆၄ နှစ်ပြည့်သွားတဲ့ KIO” (၇)“အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း ဒါနာအကြောင်း” Source link
“ဈေးပြန်ကျတဲ့ စက်သုံးဆီ” ပြီးခဲ့တဲ့အပတ်တွေထဲ တောက်လျှောက်တက်ပြီး ငြိမ်သက်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာ ပြန်လည်ကျဆင်းသွားတာတွေ့ရပါတယ်။ စက်သုံးဆီအမျိုးအစားအားလုံးဟာ အောက်တိုဘာ ၂၅ ရက် သောကြာနေ့မှာ ကျဆင်းခဲ့ကြပြီး ဒီဇယ်အမျိုးအစားတွေ ဈေးပိုကြခဲ့တာတွေ့ရပါတယ်။ အောက်တိန်း 92 တစ်လီတာကို ၂၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၇၅ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၈၀ ကျပ်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီအရောင်းအဝယ်တွေကတော့ ပုံမှန်အတိုင်းရှိနေပြီး နာရီနဲ့ချီ တန်းစီဝယ်ယူရတာမျိုး မရှိဘူးလို့ ရန်ကုန်မြို့ခံ အငှားယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ ဒီတစ်ပတ် စနေနေ့ အပိတ်ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၀၈၀ ကျပ်၊ အောက်တိန်း […]