( စိတ်မချမ်းမြေ့ဖွယ် ဖော်ပြချက်တချို့ ပါဝင်သည်) မြန်မာပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်တွင် ကော်သူးလေတပ်ဖွဲ့ (KTLA) က အရပ်သား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အရပ်သား ၃ ဦးစီ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ဖြစ်ရပ်တစ်ခုမှာ ယခုလဆန်းတွင် ထားဝယ်မြို့အရှေ့ဘက် တွင် ဖြစ်ပွားခဲ့သည်။ နောက်ထပ် သတ်ဖြတ်မှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှ အရပ်သား ၃ ဦး အသတ်ခံရမှု ဖြစ်သည်။ ထိုအကြောင်းကို ဒေသခံများ၊ အသတ်ခံရသူအချို့၏ မိသားစုဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များကို စုံစမ်းမေးမြန်း စာတမ်းပြုစုကာ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DMSC) ထားဝယ်ခရိုင်က အောက်တိုဘာ ၁၅ ရက်နေ့တွင် […]