ylliX - Online Advertising Network

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး – Myanmar Now

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။ မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။ စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။ အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ငါန်းမြာကြီးမြို့ကို စစ်ကောင်စီ ထိုးစစ်ဆင် – Myanmar Now

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက  လေကြောင်းပစ်ကူအား ယူပြီး  ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များဖြင့် အားဖြည့်ထားသည့် စစ်ကြောင်း နှစ်ကြောင်းက ငါန်းမြာကြီးမြို့ မြောက်ဘက် ငါန်းဇွန်-ငါန်းမြာကြီးလမ်း၊ ငါးမြာကြီးမြို့တောင်ဘက် တံတားဦး-ဆီမီးခုံ လမ်းများမှ  ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ တံတာဦး-ဆီးမီးခုံလမ်းဘေးရှိ ဆုံရွာတွင် တပ်စွဲထားသည့် အင်အားရာနှင့်ချီပါဝင်သော လက်နက်ကိုင်မိျားက ငါန်းမြာကြီးမြို့ကို စစ်ကြောင်းထိုးလာရာ အောက်တိုဘာ ၁၄ တွင်   တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ဇာမဏီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက Myanmar Now ကို ပြောသည်။ “စစ်တပ်ကတော့ ကျွန်တော်တို့ ငါန်းမြာကြီးကို  ဒီနေ့ထိတော့ သိမ်းလို့ မရသေးပါဘူး၊ ကျွန်တော်တို့ လက်ထဲမှာပါပဲ။ စစ်ကြောင်းတွေကတော့ […]