ylliX - Online Advertising Network

ရခိုင်ဒေသ အငတ်ဘေးသင့်မည်ဟု ကုလသတိပေး၊ ထိခိုက်သူ ၂ သန်း ကျော်နိုင် – Myanmar Now

နိုင်ငံတွင်း တိုက်ပွဲများကြောင့် ကုန်သွယ်စီးပွားလုပ်ငန်းနှင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ကာ ရခိုင်ပြည်နယ် အတွင်း အငတ်ဘေးကျရောက်တော့မည်ဟု ကုလသမဂ္ဂအဖွဲ့ကြီးက နိုဝင်ဘာ ၇ ရက်နေ့တွင် သတိပေးလိုက်သည်။ “ရခိုင်ပြည်နယ်၏ စီးပွားရေး ရပ်တန့်သွားပြီဖြစ်သည်” ဟု  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။  လတ်တလော ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ခြင်း မရှိပါက ၂၀၂၅ နှစ်လယ်ပိုင်းတွင် အငတ်ဘေးသင့်နိုင် သည် ဟု ထိုအစီရင်ခံစာက ဆိုသည်။ အငတ်ဘေးဆိုက်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသူ ၂ သန်းခန့် ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ဆို့ထားခြင်း၊ တိုက်ပွဲများ  ဖြစ်ပွားနေခြင်းအပြင် ရခိုင်ပြည်နယ်တွင် နေထိုင်သူများသည် “ဝင်ငွေမရှိ၊ ငွေဖောင်းပွ၊ ဒေသတွင်း အစားအစာထုတ်လုပ်နိုင်မှု သိသိသာသာ လျော့ကျလာခြင်း”နှင့် ကြုံတွေ့နေရသည်ဟုလည်း […]