ylliX - Online Advertising Network

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက သင်တန်းဆင်းစစ်မှုထမ်းတွေနဲ့ ခုခံတိုက်ခိုက်နေလို့ ထွက်ပြေး၊ သေဆုံးမှုများပြားနေ

ရခိုင်ပြည်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်အထိ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ ရှစ်လကြာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။   အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်တွေကို အဓိကအင်အားဖြည့် ပြန်လည်ခုခံနေတာကြောင့် ထွက်ပြေး၊ သေဆုံးမှုများပြားပြီး စခန်းဆုတ်ခွာထွက်ပြေးမှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။   “စစ်တပ်က စစ်ကူအင်အားလည်းရသလိုပို့နေတယ်။ စစ်မှုထမ်းတွေများနေတော့ ကျတာများတယ်။ ပို့မလောက်ဘူး။ ပြေးတာနဲ့ သေတာနဲ့။ ချောင်းမှာလည်း စစ်သားတွေတောင်မက သူတို့မိသားစုတွေပါ ထွက်ပြေးရင်းသေကြတာတွေရှိတယ်” လို့ သူက ပြောပါတယ်။   ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း အမ်းဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းကို AA ဘက်က အမ်းရိုးမအနီး […]

iOS အတွက် Google Gemini App ထွက်ပြီ – MyTech Myanmar

Skip to content Google က iOS အတွက် Gemini App ကို ဖြန့်ချိလိုက်ပြီး Google ရဲ့ AI Assistant ကို အသံ၊ စာသား၊ ကင်မရာနဲ့ အသုံးပြုနိုင်ပါတယ်။ Gemini App ရဲ့ အခြေခံ ဖန်ရှင်အားလုံးကို Google App ရဲ့ Gemini Section ကနေ အသုံးပြုနိုင်ပါတယ်။ iOS ရဲ့ Gemini App မှာ Gemini Live ကို တိုက်ရိုက် အသုံးပြုနိုင်ပြီး Google AI Assistant နဲ့ အချိန်နဲ့တစ်ပြေးညီ စကားပြောနိုင်ပါတယ်။ iPhone 15 Pro Series နဲ့ iPhone 16 […]

ချောင်းဦးပကဖက PDF နှစ်ဦးက သိန်း ၃၀၀ ကျော်ယူပြီး ဆိုင်ကယ်နဲ့ ထွက်ပြေး

၄. ၁၁. ၂၀၂၄Written by Nay Moe ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က PDF နှစ်ဦးဟာ အဖွဲ့ပိုင် ငွေ ကျပ် သိန်း ၃၀၀ ကျော်ယူပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ငွေယူဆောင်သွားကြသူတွေက ငရှိုင်း (ခ) ထက်ရှိုင်းဆိုတဲ့ အရပ်ရှည်ရှည် ကုလားဆင်၊ နှာခေါင်းထိပ် အရှည်လိုက်အရာပါသူနဲ့ မာန်ချူး (ခ) အောင်ချမ်းမင်း၊ အရပ်ပုပု အသားမဲမဲ အသွင်ရှိသူတို့ဖြစ်ပြီး Tital Wave ဆိုင်ကယ်နဲ့ချောင်းဦး ပကဖ ငွေ သိန်း ၃၀၀ ကျော် ယူကာ ထွက်ပြေးသွားတာဖြစ်တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ဆိုသလို ဒီ PDF နှစ်ယောက်ကို တွေ့ရင် ထိန်းသိမ်းပြီး ချောင်းဦး […]

ယူကရိန်းစစ်ဒုက္ခသည် သန်း ၆ ဥရောပတဝန်း ထွက်ပြေး

ရုရှားစစ်ကြောင့် ယူကရိန်းနိုင်ငံသား သန်း ၆ ကျော် ဥရောပပြည်ပထွက်ပြေးကြရတာမှာ ၆ သောင်းကျော်က ကလေးနှင့်အမျိုးသမီးတွေဖြစ်ပြီး ဟန်ဂေရီနိုင်ငံမှာ ခိုလှုံနေကြရပါတယ်။ VOA အရှေ့ဥရောပဗျူရိုတာဝန်ခံ Myroslava Gongadze၏ သတင်းကို ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။ Source link

AA ထိုးစစ်ကြောင့် ဂွ၊ ကြွေချိုင်ရွာက စစ်ကောင်စီတပ် ထွက်ပြေး

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ဂွမြို့နယ်က ကြွေချိုင်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA ထိုးစစ်ကြောင့် တပ်ဆုတ်ထွက်ပြေးသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။   ကြွေချိုင်ရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဆုတ်ခွာသွားကြပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။   “သူတို့တိုက်ပွဲမှာ အကျအဆုံးများလို့ စစ်ကားတွေနဲ့ ထွက်ပြေးသွားကြတာ။ ဂွမြို့ဘက်ကို ဆုတ်တယ်လို့တော့ ထင်ရတယ်။ သူတို့တပ်ဆုတ်ပြီးတော့ လေယာဉ်တွေနဲ့လည်း ကြွေချိုင်ဘက်ကို ဗုံးလာကြဲသေးတယ်” လို့ သူက ပြောပါတယ်။   အဲဒီမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့လောက်ကစလို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုများခဲ့သလို ဒဏ်ရာရသူတွေကိုလည်း ကားတွေနဲ့တင်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။   […]

မိုးကုတ်၊ မိုးမိတ် TNLA ထံ အခွန်မဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေး၊ ရွှေ(၁၀)ပိဿာ အခွန်ကိစ္စ ညှိနှိုင်းနေဟုဆို – သျှမ်းသံတော်ဆင့်

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ မပေးဆောင်နိုင်သည့် ရွှေမျှောပိုင်ရှင်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်တွင် ပေးဆောင်ရန် TNLA မှ မိုးကုတ်နှင့် မိုးမိတ်တကြောရှိ ရွှေမျှောပိုင်ရှင်များထံ ရွှေ(၁၀)ပိဿာ အခွန်ကောက်ခံခဲ့ရာ ကောက်ခံခဲ့ရာ ခွဲတမ်းကျ သတ်မှတ်လိုက်သော်လည်း မြစ်ဆုံနှင့် မိုးဟောက်ရွှေတောဘက်မှ မျှောပိုင်ရှင်အချို့မှာ အခွန်မပေးဆောင်နိုင်ခြင်းကြောင့် မန္တလေးဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။ “မျှောတွေကို ခွဲတမ်းတော့ ပစ်ထားပြီ၊ တချို့လည်း မပေးနိုင်လို့ မန္တလေးဘက်ကို ရှောင်ကြတယ်။ အခုလောလောဆယ်တော့ သူတို့ TNLA က ရက်ပြန်ဆုတ်ပေးတာပေါ့။ ရက်ထက်တိုးထားပေးတာ ဒီလကုန်အထိပဲ။ လုံးဝ မပေးနိုင်တဲ့လူကတော့ မျှောထဲကနေ စက်တွေထုတ်ပြီးတော့မှ အပြင်ထွက်နေပေါ့ အဲ့လို”ဟု […]