Google က iOS အတွက် Gemini App ကို ဖြန့်ချိလိုက်ပြီး Google ရဲ့ AI Assistant ကို အသံ၊ စာသား၊ ကင်မရာနဲ့ အသုံးပြုနိုင်ပါတယ်။ Gemini App ရဲ့ အခြေခံ ဖန်ရှင်အားလုံးကို Google App ရဲ့ Gemini Section ကနေ အသုံးပြုနိုင်ပါတယ်။

Google's Gemini AI app is now available for the iPhone - HardwareZone.com.sg

iOS ရဲ့ Gemini App မှာ Gemini Live ကို တိုက်ရိုက် အသုံးပြုနိုင်ပြီး Google AI Assistant နဲ့ အချိန်နဲ့တစ်ပြေးညီ စကားပြောနိုင်ပါတယ်။ iPhone 15 Pro Series နဲ့ iPhone 16 Series Users တွေဟာ Gemini App ကို လျှင်မြန်စွာ အသုံးပြုနိုင်ဖို့ Action Button ကနေ ဆင့်ခေါ်နိုင်ပါတယ်။

Google Gemini is now available for the iPhone

iOS ရဲ့ တခြား AI Assistant တွေလိုပဲ Google Gemini App ဟာ သင့် iPhone ရဲ့ Settings နဲ့ Apps တွေကို မထိန်းချုပ်နိုင်ပါဘူး။ ဒါပေမယ့် Maps , Gmail, Drive နဲ့ YouTube တို့လို Google Apps တွေအကြားမှာ ဒေတာတွေကို ရယူနိုင်ပါတယ်။

စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ AI ကို အပြိုင်အဆိုင်ထည့်သွင်းနေကြပါတယ်။ Apple က ကိုယ်ပိုင် Apple Intelligence ကို ဖန်တီးထားသလို Google ကလည်း  Gemini AI ကို တီထွင်ထားပါတယ်။ စမတ်ဖုန်း ကုမ္ပဏီတွေရဲ့ AI ပြိုင်ပွဲဟာ အရှိန်အဟုန် မြင့်မားလာနေပါပြီ။

Ref: gsmarena