ဖြိုးဝေ၂၇. ၁၁. ၂၀၂၄ တော်လှန်ရေးအတွက် ၂၀၃၀ အထိ ပြင်ဆင်ထားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၆ ရက်မှာပြုလုပ်တဲ့ NUG ရဲ့ ၂၈/၂၀၂၄ အစည်းအဝေးမှာ ဖွင့်ဟလာပါတယ်။ ဒါဟာ NUG ကြွေးကြော်ဖူးသမျှထဲ အချိန်အဝေးဆုံး ဖွင့်ဟလာတာဖြစ်ပြီး ပြည်သူလူထုကို ၂၀၂၁ ခုနှစ်အတွင်းမှာ သုံးရက်၊ သုံးလ၊ ခြောက်လပဲ သည်းခံဖို့ ပြောခဲ့မှုနဲ့ စတင်ခဲ့တဲ့ NUG ဟာ ၂၀၂၂ ခုနှစ်ကို ကူးပြောင်းတော့မယ်ဆိုချိန်မှာ “၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေး အောင်ပွဲရမယ့်နှစ်”လို့ ဒေါ်ဇင်မာအောင်အပါအဝင် NUG ခေါင်းဆောင်တွေက လူထုကို ကျုံးသွင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်ဟာလည်း အောင်ပွဲမရချိန်မှာ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်တို့လို လူထုကြား မကြာခဏမြင်တွေ့ရသူတွေနဲ့ NUG […]