ylliX - Online Advertising Network

မကွေးတိုင်းတွင် စစ်ရေး အရှိန်မြင့်၊ စစ်ဘေးရှောင်များ တိုးလာ – Myanmar Now

 မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပုသိမ် – မုံရွာလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ နှစ်ထောင် နီးပါး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ ပွင့်ဖြူမြို့အနောက်ဘက်ခြမ်း ၁၈ မိုင်ခန့်အကွာ ပုသိမ် – မုံရွာလမ်း မဲဇလီစခန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၉ ရက်ကတည်းက မြို့အနီးဝန်းကျင် ကျေးရွာများဖြစ်သော ကျွဲခြံနှင့် လယ်မကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်ခြင်း ဒရုန်းဖြင့်ဗုံးသီးချခြင်းတို့ ပြုလုပ်နေသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂)  နေ့လယ်က မြေပြင်တိုက်ပွဲမရှိဘဲ ကျွဲခြံနှင့်လယ်မရွာ ဝန်းကျင်သို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။  အဆိုပါတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံတို့မှာ နေရပ် မပြန်ရဲသေးဘဲ ဘေးလွတ်ရာများ တွင် […]