တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ […]
MTO လက်သစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်းရဲ့ ဖိတ်ခေါ်မှုကြောင့်တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို နိုဝင်ဘာလ ၅ ရက် မနက်အစောပိုင်းက ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်အတွင်း (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – လာအို – မြန်မာ – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်သွားဖို့ ရှိနေပြီး တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ တကျော့ပြန်အာဏာသိမ်းမှုကာ လေးနှစ်နီးပါးအတွင်း […]