ylliX - Online Advertising Network

လှကျော်ဇော – တရုတ်ရဲ့ဖိအား (သို့မဟုတ်) မှီခိုသူ့ဒုက္ခ

(မိုးမခ) အောက်တိုဘာ ၂၀ ၊ ၂၀၂၄ အခုတလော သတင်းလောကမှာ ပွဲဆူနေတဲ့ ‘တရုတ်က ဖိအားပေးလို့ ဗမာပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ အပစ်ရပ်ပြီး စကစနဲ့ စေ့စပ်ဆွေးနွေးဖို့ လုပ်ဆောင်လာနေရတယ်’ ဆိုတဲ့ပြဿနာကို ဘယ်လို ကြည့်မြင်သင့်သလဲ။ ဗမာပြည်သူတွေရဲ့ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့က စခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ အတက်အကျ အနိမ့်အမြင့် အမျိုးမျိုးကို နှစ်ပေါင်း ၆၀ ကျော် စွန့်လွှတ်မှုများစွာနဲ့ ဖြတ်သန်းလာပြီးနောက် အခုလက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေး (အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးအပြီး)မှာ မကြုံစဖူး စိတ်အားတက်ဖွယ် အောင်ပွဲအများအပြား ရရှိလာခဲ့ပါတယ်။ ဒီလိုအရှိန်တက်နေစဉ်မှာ ဇက်သတ်လိုက်သလို ဖြစ်သွားရတဲ့အတွက် ဗမာပြည်သူတွေအနေနဲ့ ဒေါသူပုန်တွေထလာတာတွေဟာ သဘာဝကျပါတယ်။ တရားလည်း တရားပါတယ်။ တကယ်တော့ […]