(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၄ အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံမှာ အဓိကဇာတ်ဆောင်နေရာကို တဖြည်းဖြည်း ရောက်ရှိလာတယ်။ နှစ်သက် သဘောကျစရာ ဇာတ်ရုပ်နဲ့ ရွံရှာစက်ဆုပ်စရာ ဗီလိန်ဇာတ်ရုပ် တခုခုကို ရွေးချယ်ဖို့ အခွင့်အလမ်းလည်း သူ့မှာ ရှိပါတယ်။ စစ်အေးတိုက်ပွဲ ခေတ်ကာလတုန်းကလောက် သူတို့ ကိုင်စွဲထားတဲ့ အယူဝါဒဟာ မျက်မှောက်ကာလမှာ လူကြိုက် မများတော့သော်လည်း၊ ရရှိလာတဲ့ နိုင်ငံအနေအထားနဲ့ စျေးကွက်မြှင့်တင်ရေး ပြန်လုပ်နိုင်တဲ့ အနေအထားတဝိုက်ကို ပြန်ရောက်နေပြီလားလို့ တွေးဆနိုင်ပါတယ်။ ဒါပေမဲ့ စမတ်ဖြစ်တဲ့ အရောင်းသမားကောင်း ဖြစ်ဖို့တော့ လိုတယ်။ လွတ်လပ်တဲ့ တွေးခေါ်မှု အားကောင်းလာတဲ့ နွေဦးတော်လှန်ရေးဟာ ဘယ်အယူဝါဒ အမှတ်တံဆိပ်ကိုမှ တဖက်သတ်အမြင်နဲ့ ထိုးမချခဲ့ဘူး။ လုပ်ရပ်ကို ကြည့်ပြီးပဲ ဆုံးဖြတ်ပါတယ်။ တရုတ်နိုင်ငံ ကျင့်သုံးနေတဲ့ ဖီလော်ဆော်ဖီတွေအပေါ် […]
မြန်မာစစ်တပ် လုံးဝပြိုလဲသွားမယ့် အခြေအနေကို တရုတ်ဘက်က မလိုလားဘူးဆိုတာ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့ အခုအချိန်မှာ ပေါ်လွင်သွားပါပြီ။ မြန်မာပြည်မှာ စစ်အာဏာရှင် ပြုတ်ကျသွားမှာကို တရုတ်ဘက်က ဘာကြောင့် စိုးကြောက်နေတာပါလဲ။ တရုတ်ရဲ့ ဒီရပ်တည်ချက်ကြောင့် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ပြုတ်ကျဖို့ နေ့ရက်တွေ ပိုပြီး အလှမ်းဝေးသွားတယ်လို့ ပြောနိုင်ပါသလား။ တော်လှန်ရေးအင်အားစုတွေကကော တရုတ်နိုင်ငံကို ဘယ်လိုနည်းနဲ့ ဆက်ဆံကိုင်တွယ်ဖို့ သင့်ပါသလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်တပ်မတော်ရဲ့ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးလည်းဖြစ်၊ လက်ရှိ ဟာဝိုင်ယီပြည်နယ်၊ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာနရဲ့ ပါမောက္ခဖြစ်သူ ဒေါက်တာမီမီဝင်းဘတ် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စထွန်းအောင် Source link