လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် ၅၅/၂၀ မှာ ပြောထားတဲ့အတိုင်း လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်သုံးပစ္စည်းတွေ၊ တိုက်လေယာဥ်ဆီ၊ ထောက်လှမ်းရေး ပစ္စည်းတွေနဲ့ နည်းပညာတွေ ကို မလွှဲပြောင်း မရောင်းချကြဖို့ အီးယူ က တိုက်တွန်းလိုက်ပါတယ်။ Source link
ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နဲ့ အောက်တိုဘာလအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ် နှင့် ဆော့လော်မြို့ရှိ နယ်စပ် မြို့၊ ကျေးရွာတွေကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါ မြို့ အပြင် နယ်ခြားစောင့်တပ် ဌာနချုပ် ၁၀၀၂ အခြေစိုက်ခဲ့တဲ့ လုပီ၊ ၁၀၀၃ အခြေစိုက် စစ်ကြိုင် ကျေးရွာတွေဟာ KIO ထိန်းချုပ်နယ်မြေ ဖြစ်လာခဲ့ပြီး […]
(သတင်းလုပ်ငန်းက ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း IPCM ပြော) ကချင်လွတ်မြောက်ရေးတပ်မတော် KIA က Red News Agency သတင်းထောက်နှင့် အလွတ်တန်းသတင်းထောက်ကို ဖမ်းဆီးထားသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တွင် သတင်းထောက်နှစ်ဦးကို ဖားကန့်မြို့နယ်ရှိ ၎င်းတို့နေအိမ်ကနေ KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တာဝန်ခံမှုရှိရမည်ဟု အောက်တိုဘာ ၂၂ ရက်တွင် CPJ က ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးမှာ Red News Agency က သတင်းထောက် တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် နောင်ရိုးတို့ဖြစ်သည်။ CPJ ၏ အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin […]
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၄ မြန်မာ့အရေး အာဆီယံမူ ၅ ချက်ကို ဆက်လက် ကိုင်စွဲမယ်လို့ အာဆီယံ၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီဖို့ အာဆီယံက တောင်းဆို နှစ်စဥ်ကျင်းပနေကျ အာဆီယံ ထိပ်သီးညီလာခံ အလှည့်ကျ ဥက္ကဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံ မြို့တော်မှာ ကျင်းပနေဆဲ ဖြစ်ပြီး မြန်မာ့အရေး နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ သဘောတူဆုံးဖြတ်မှု အချို့ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ လတ်တလော ထင်ရှားတဲ့အချက် တချက်က ၂၀၂၁ ခုနှစ် ဧပြီလက ချမှတ်ခဲ့တဲ့ အာဆီယံမူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ် ဆိုတဲ့အချက် နဲ့ အခြားသတင်းတပုဒ်မှာတော့ မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံက ပိုမိုကူညီပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့တယ် လို့လည်း ဖေါ်ပြထားတာတွေ့ရပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ […]