ylliX - Online Advertising Network

မြန်မာ့ပြည်တွင်းရေး မစွက်ဖက်ရန် တရုတ်ကို တောင်ကိုရီးယားရောက် မြန်မာများ တောင်းဆို – BUR.MIZZIMA.COM

ပုံအညွှန်း- တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဆန္ဒပြပွဲ မြင်ကွင်းများ မဇ္ဈိမ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရန် တရုတ်အစိုးရကို တောင်ကိုရီးယားရောက် မြန်မာများက ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) တွင် လမ်းလျှောက်ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက ပြောသည်။ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့၊ ဆိုးလ်ဘူတာရှေ့မှ တရုတ်သံရုံးအထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲများရပ်ရန် သတိပေးပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို MFDMC နှင့် နွေဦးတော်လှန်ရေး သပိတ်အင်အားစု တောင်ကိုရီးယားရှိ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော […]

NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ – Myanmar Now

ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့်  တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG  ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]