(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၄ ကိုအောင်သူငြိမ်း ရေးဖူးတဲ့ ကဗျာပဲလား မသိဘူး။ သူ ငိုရင် တမ္ဘာလုံးငိုတယ်ဆိုတဲ့ စာသားလေး သတိရမိလို့။ သတိကလည်း သိပ်မကောင်းတော့ အောင်သူငြိမ်း ရေးတာဟုတ်ရဲ့လား ပြန်တွေးမိပြန်တယ်။ သူ့သမီးလေးအကြောင်း ရေးတာနဲ့ တူတယ်လို့လဲ စဉ်းစားမိပြန်တယ်။ အခု ပြောချင်တာက အမေရိကန်ရွေးကောက်ပွဲက ၂ပတ် ကျော်ပဲ လိုတော့တယ်။ ဒီမိုကရက်ဘက်က လူမည်း အမျိုးသမီး သမ္မတလောင်း ကင်မလာဟဲရစ် နဲ့ ရီပတ်ဘလစ်ကန်ဘက်က လူဖြူ လူအို သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ ပြိုင်ပွဲက အကြိတ်အနယ်ပါ။ အမေရိကန်ပြည်သူတွေထဲမှာက သူ့ဘက်ကိုယ်ဘက် ပြတ်သားပြီးသား မဲဆန္ဒရှင်တွေကတော့ သိကြားမင်း ဆင်းလာလည်း စိတ်မပြောင်းဘဲ ဟဲရစ်ကိုပဲ ထည့်မယ် ဆိုတာနဲ့ ထရန့်မှ ထရန့် ဆိုတာကြီးတွေပဲ။ ပြသနာက […]